ဒဏ်ရာဆိုတာ ချစ်တဲ့သူကသာ ပေးပြီး
ချစ်တဲ့သူကသာ ပျောက်ကင်းအောင်
ကုစာပေးနိုင်တဲ့ ရှားရှားပါးပါး လက်ဆောင်ဖြစ်သည်...။လက်ဆောင်မွန် တော့ မဟုတ်.. အမှတ်ရချင်စရာ နင့်နင့်သည်းသည်းလေးသာ။
မိုးရေတွေကြား ခဏလေးနဲ့ ရပ်စဲသွားခဲ့သည့်
ကတောက်ကဆမှာ အရှုံးပေးသူဟာ
သေချာပေါက် သူ့ထုံးစံသူ ရိုးရာမပျက်ပဲ..ရိုးရာမပျက်ခဲ့သည့် ထုံးစံတွေထဲ
စိတ်ပိုင်းဆိုင်ရာ နာမကျန်းတတ်ခြင်းလေးက
အပိုပါလေတော့ Jeon Jungkookလေး
သနားစရာကောင်းခဲ့သည်။အားယုတ်နေသည့် လူမမာသည်၏
ကြွက်သားအပြည့်နှင့်ခန္ဓာကိုယ်ကို အဆိုးအဆာ တိုကျိုလမ်းမတလျှောက် ကုန်းပိုးချီလာခဲ့ရသည်။နည်းတဲ့အလေးချိန်မဟုတ်လို့ စိတ်ပူရသည့်
ကြားက မကြားအောင် တစ်မျိုး.. ကြားအောင် တစ်မျိုး ကျိန်ဆဲနေခဲ့သံဟာလည်း မိုးညထဲမှာ တစိမ့်စိမ့်။ပြန်ရောက်လာတာနှင့် ဧည့်ခန်းက ဝိုင်းကိုလည်း လှည့်မကြည့်အား..
အခန်းထဲ ခပ်သွက်သွက်ပဲ ဝင်..
ဝင်လေထွက်လေကအစ နွေးကာပူဆင်းနေသူကြောင့် သက်ပြင်းတွေ နာနာချရင်း အဆိုးအဆာ ဒုက္ခများခဲ့ရသည်။သူ့ဟာလေးကလည်း သည့်မတိုင်ခင်လေးသာ ဘီယာနံ့တသင်းသင်းနဲ့ မိုးရေထဲ
စတိုင်ကျချင်ခဲ့တာ.. အခုနှယ် ပြန်ရောက်လာကတည်းက မျက်လုံးတွေပင် မပွင့်ချင်တော့။Jeon Jungkook ကိုယ်လုံးလေးက
အိပ်ရာပေါ်က အထုတ်အထွေးတွေကြားထဲမှာ ခိုက်ခိုက်တုန်.. မျက်နှာဝိုင်းဝိုင်းလေးပဲ ဖော်ထားသည်။နွေးနွေးထွေးထွေးလေးဖြစ်ရအောင်
ဂွမ်းခြုံစောင်အသစ်တွေကို ထုတ်
Jungkook တကိုယ်လုံးလုံအောင် ခြုံကာ ခြေဖျားအစ နဖူးပြင်အဆုံး ဝေယျာဝေစ္စအစစကို Seokjin မညီးမညူလုပ်ပေးရင်း
တစ်ညလုံး အနားမရခဲ့..။ရေစိုတဘက်တစ်ထည်နှင့် နှစ်ပါးသွားနေရခြင်းမှာ အကျိူးဆက်က
နဖူးပြင်ပူပူလေး အပူကျကာ နွေးလျလာခဲ့ခြင်းပင်။"Jeon.."
"Jeon ခဏလေးထ.. ဆေးသာက်ဦး"
မျက်လုံးဝိုင်းလေးတွေပွင့်လာသည်။