တံခါးခေါက်သံကြားသည်။
ဝင်လာဖို့ခွင့်မပြုခင်မှာပဲ တွန်းဖွင့်လာသူဟာ လက်ထဲ comestic setအစုံလိုက်အိတ်တစ်ထုတ်နှင့်။ အိမ်က သားဖြစ်သူ သုံးနေကျ.. သားSeokjin ဝယ်ပေးနေကျ တံဆိပ်ဖြစ်သည်။
အိတ်ကို စားပွဲပေါ် နေရာတကျထား..
ပြီးမှ ရှေ့ဆိုဖာမှာ ခြေချိတ်ထိုင်ပြီး အလိုမကျဖြစ်နေတဲ့ မျက်နှာဟာ ဘာကိုမှ စိတ်တိုင်းမကျသလို သက်ပြင်းတချချ။"အိမ်ကိုမဝင်ခဲ့ဘူးလား"
"ဘယ်လိုလုပ် ဝင်ရက်မလဲ..
သားJeonကိုတွေ့ရင် အိမ်ကဟာလေးကို
ငါ အသည်းယားလို့""ကလေးက ငါလာတာနဲ့
Seokjinရော Seokjinရောနဲ့
တမေးတည်းမေးနေတာ...
အခုရော ဘယ်လိုနေသေးလဲ
သက်သာပြီလား
ဖုန်းလည်းမဆက်ရဲ.. အနီးကပ်လည်း
သွားမတွေ့ရဲနဲ့ အိမ်ကဟာလေးရဲ့
ပယောဂက ငါ့ကိုပါ တတွယ်ကပ်ကပ်နဲ့
နင် မသိပါဘူး"သူမက ရုံးထိုင်ခုံမှ ရှေ့ဆိုဖာဆီ ဖြည်းဖြည်းချင်းလျှောက်လာသည်။ နှုတ်ဖျားကလည်း ပြုံးလေ့ပြုံးထသဘောမျိုးနဲ့ ခပ်ပါးပါးပြုံးရင်း..
"အင်း....
ခန္ဓာကိုယ်ကြီးက သက်သာနေပြီ
စိတ်မှာက လွမ်းဖျားလွမ်းနာတွေနဲ့
အခုထိ အဖျားအနာ သံသယာရှည်နေတုန်းပဲ"အမျိူးသမီး CEO တစ်ယောက်မို့ သူ့အရှိန်အဝါနဲ့သူ ရဲရင့်ပြတ်သားတဲ့ မျက်နှာထားမျိုးဆင်ထားရပေမယ့် ပြုံးရင်တော့ ဒီသူငယ်ချင်းမက အတောက်ပဆုံးပဲ။ သူမ အပြုံးက အလှဆုံးပဲ။ အဲ့ဒီလိုပြုံးတိုင်း သားJeonနဲ့ သိပ်တူသည်..။
သားJeon ပါးပြင်လေးမှာ သွေးကြောမျှင်လေးတြွေမင်ရတဲ့ အထိ အသားအရည်ပါးတာလဲ သူမဆီကရတဲ့ လက်ဆောင်ပဲ။ သားJeonက သူ့အဖေရဲ့မျက်လုံးဝိုင်းတွေ.. သူ့အမေရဲ့ အလှဆုံးအပြုံးတွေနဲ့ စုစည်းတည်ဆောက်ထားတဲ့ ချစ်စဖွယ် အပိုင်းအစလေး။ ကံအထူးကောင်းတဲ့ ကလေးလေး။
အဖေနဲ့အမေနှစ်ယောက်စလုံးက အချောအလှတွေဆိုတော့ သားJeon မျက်နှာလေးက ဘယ်တော့ကြည့်ကြည့် အပြစ်ဆိုဖွယ်ရာမရှိ။ Yoonလေးလည်း ဒီလိုပဲ။ ဆိုပေမယ့် သားJeonက ပိုချစ်မွှေးပါတယ်။ လိမ္မာသလို၊ စကားပြောလည်းယဉ်ကျေးတယ်။ စောင့်ထိန်းသင့်တဲ့ စကားမျိုးဆို တော်ရုံထုတ်မပြောဘူး။