11

1.3K 217 60
                                    

Donut ဆိုင်လေးတစ်ဆိုင်...။

ဆိုင်ထဲတွင် ကဖင်းဓာတ် လိုအပ်နေသူတစ်ယောက်နှင့် တစ်ဖက်သတ်ဆန်ဆန် ချိုမြိန်နေသည့် စကားဝိုင်းတစ်ခု တည်နေသည်။

"ကျနော်က
အကို့သူငယ်ချင်း တော်တော်များများနဲ့
သိတယ်..
Jungkookတို့နဲ့ကျ
မဆုံဖူးလို့ မသိတာနေမယ်
မသိဆို ကျနော်Europeသွားတော့
အကိုက အထက်တန်းနောက်ဆုံးနှစ်ကိုး..
အဲ့တုန်းက
အကို Yoongi၊ အကို Namjoonieတို့နဲ့တောင် မသိသေးဘူး"

"Jungkook နဲ့ Seokjinက
ကွန်ပျူတာကပဲလား
ဘယ်နှစ်မှာ အကိုနဲ့ဆုံတာ?"

"Seokjinက ဖက်ရှင်ပိုင်းကပါ
စီနီယာနဲ့က စီနီယာNamjoon
မိတ်ဆက်ပေးမှ ဒုနှစ်
နှုတ်ဆက်ပွဲမှာ ရင်းနှီးခဲ့တာ
နာမည်ကြီးမို့ မိတ်မဆက်ပေးခင်ကတည်းက ရေပန်းစားတော့
သိတာတော့ ကျောင်းစတက်ကတည်းကပေါ့"

ရွှေရောင်ဆံပင်တွေနဲ့ကောင်ချောလေးက ထောက်ခံပြုံးနှင့်ခေါင်းအသာညိတ်လာသည်။

"ဟုတ်တယ် ဟုတ်တယ်..
ပေါင်းတဲ့သူ့ သူငယ်ချင်းတွေရော
အကိုကိုယ်တိုင်ကရော မျက်နှာမှာ powerတွေနဲ့လေ..
ကျနော့်မှာ ကိုရီးယားမြေက
ဒီမျက်နှာကြောင့်ပဲ နော်ဝေသူလေးတွေနဲ့
ဆုံတာတောင် ရင်မခုန်ခဲ့တာ"

"အခုရောက်အောင်ပြန်လာတော့လည်း
Jung Hoseokက ခြွေနေမြဲပဲ"

"ကျနော်တို့ စဆုံတာပင်လယ်မှာပေါ့
ကျောင်းမတူဘဲ
သဘောကျရတဲ့ နေရာချင်းလာတူတော့
ဒယ်ဂူသားနဲ့ ဂွမ်းဂျူသားလည်း
သူ့ဖူးစာနဲ့သူ ပေါင်းဖက်ရတော့တာပေါ့
အဟင်း"

"ဒါနဲ့ Seokjinက
ကိုယ်ပိုင် ဒီဇိုင်းတွေရှိနေပြီလား
အမေ့သွေးပါတယ်ဆိုတော့ အမေ့လက်ရာကိုတော့ မီလာဦးမှာပဲ မျှော်လင့်မိတယ်ဗျာ"

"......."

"ဟုတ်တယ်..သူက အခုမှ
တီမေ့လိုဖြစ်ဖို့ ထဲထဲဝင်ဝင်စလေ့လာမှာ
အချိန်တွေတော့ယူရဦးမှာပေါ့.."

Taehyung အဖြေကို အမေးခံရသူက မဖြေဘဲ မေးမေးမမေးမေး ဖြေပေးရမည့် လူက
​ဖြေသည်။

"အာ..ဟုတ်သား
နှစ်ယောက်က ပုံဆွဲတာချင်းတူနေတာပဲ
ကာရိုက်တာဆွဲတာနဲ့ ဒီဇိုင်းဆွဲတာပဲကွာတယ်နော်"

Dear. Jeon Where stories live. Discover now