18

1.6K 228 68
                                    

ဒီ မှာ တော့ ချစ် . .

ချစ် လိုက် ရ တာ တွေ

ယုံ ကြည် ပြီး စ တေး . .

စ တေး ခဲ့ တဲ့ အ ချစ် တွေ လေ

တ ကယ် ကို ရူး သွား မ လောက် ဖြစ် ရ တဲ့

ဘ ဝ တစ် ခု ကို ယုံ ကြည် ပေး . . .

ချစ် လိုက် ရ တာ . . . . . . . . .

//☔//

အမှောင်ထုထဲမှ တိုက်ခန်းငယ်လေးသည် အပ်ကျသံပင်
ကြားရနိုင်သည့်အထိ တိတ်ဆိတ်မှုတို့
မင်းမူနေသည်။

တိတ်ဆိတ်မှုထဲတွင်
အလွမ်းမပြေသေးသော ကောင်လေးနှင့်
အငိုတိတ်သွားခဲ့သည့် ကောင်လေး အတူတူရှိနေသည်..။

"Jeon"

"......."

"Jeon.."

"ဟင်"

"အသက်ရှူကြပ်နေပြီ"

အော်ငိုထားခဲ့သည့် အက်ရှရှ
အသံရှင်လေးထံ Jungkook ငုံ့ကြည့်မိသည်..

ရင်ခွင်ထဲမှ မော့ကြည့်နေသော
ပန်းနုရောင်မျက်နှာလေးကို အနီးကပ်မြင်နေရချိန်ခဏ..
အလွမ်းမပြေမှုကြီးက
နောက်ထပ်တစ်ဆင့်သို့ ခပ်ပြင်းပြင်းခုန်ကာတက်တော့ ရင်မှာမချိ..။

ရင်ဘတ်တစ်နေရာပေါ်ရှိ အသဲအသက်လေး၏ အူကြောင်ကြောင်မျက်နှာထားလေးသည် ပကတိရှင်းသန့်နေသည်။

မိုးပြိုသလို သွန်းချခဲ့သည့် မျက်ဝန်းအိမ်ကြည်ကြည်လေးတွေမှာ စိုလဲ့လဲ့ဖြင့် အရောင်တွေတောက်နေသည်။

ဆွေးဆွေး​မြည့်မြည့်
အဖက်ခံထားရသည်ကိုတော့ အဖြေရှာနေပုံမပေါ်..

အချိန်မည်မျှကြာမြှင့်သွားခဲ့သည်ကို စိတ်ထဲရှိပုံမရ.. သို့ပေမယ့်..

မျက်နှာအပ်ခံထားရသည့်
ဘယ်ဘက်ရင်အုံဆီမှ နှလုံးခုန်သံကိုတော့ နီးနီးနီးကပ်ကပ်ကြားနေရမည်ထင်ရဲ့..။

"လွှတ်ပေးတော့..
ငါ အသက်ရှူကြပ်နေပြီ"

လှုပ်လှုပ်ရှားရှားဖြစ်လာသည့်
ကိုယ်ပါးပါးဟာ နွေးအုံ့အုံ့
ရင်ခွင်ကျယ်ထဲက ရုန်းထွက်ဖို့ အခုလေးတင်
သတိဝင်လာပြီး..
အားကိုးတကြီး တွယ်ကာဖက်ထားခဲ့သော
ကျောပြင်မှ လက်နှစ်ဖက်မှာ ရုတ်ချည်းဆိုသလို ပြေလျော့စပြုလာ၏။

Dear. Jeon Where stories live. Discover now