နေရောင်လင်းကျင်းနေတဲ့
ဆေးရုံခန်းကျဥ်းထဲမှာ နိုးထလာရသည့် တတိယမြောက်နေ့...။"Seokjin.. ဟဲ့ Seokjin ထစမ်း!"
"သားJeon သားJeonထတော့..
ဒီကလေးနှယ် အဖျားတွေကူးကုန်ရင်
ခက်မယ်ဟယ် ထစမ်း နှစ်ယောက်စလုံး"နားစည်ထဲမယ် ခေါင်းလောင်းသံတွေ
မြည်နေပြန်သည်။အိမ်ပေါ်မှ ဆင်းလာကတည်းက ခေါင်းလောင်းသံတွေ ကြားရမယ့် ဝဋ်က လွတ်ပြီထင်ခဲ့တာ.. မကုန်သေးဘူးထင်ရဲ့..။
"Seokjin နင့်အဖျားတွေ
ကလေးကိုကူးကုန်မယ် ထစမ်းဟယ်"အမေသည် ဆေးရုံထိ ခေါင်းလောင်းကြီးကို
သယ်လာသည်..။အရင်လို ပက်ခနဲဆူလျှင် ငေါက်ခနဲထပြီး
ပြန်အော်.. အိပ်ရာပေါ် ပြန်အိပ် လုပ်ပစ်လို့
ရမယ့် အခြေနေမျိုးကို အဆိုးအဆာလေး ပိုင်ဆိုင်မထား..။မျက်လုံးတွေဖွင့်လိုက်သည်။ မျက်နှာဟာ
မသာမယာ မှုန်ကုပ်ကုပ်..။မနက်လင်းစ တောက်တောက်ဖြာဖြာ
ရောင်ခြည်နှင့်မှ မလိုက်.. မျက်နှာဖြူအုအုလေးသည် မိုင်ကုန် တွန့်ချိုးရင်း ရှုံ့တွထားသည်..။မိခင်က နှာခေါင်းရှုံ့သည်.. တပြိုင်တည်း
စိတ်လည်းပူ စိတ်လည်းမော..။"ဘာဖြစ်တာလဲ စောစောစီးစီး"
နာလန်ထူစ လူမမာသားလေး၏
လက်မောင်းကို ဆတ်ခနဲရိုက်သည်။"အာ့!"
"နင့်အဖျားတွေ ကလေးကို ကူးမယ်"
အမေ ဘာကိုဆိုလိုချင်နေသလဲ သိသည်မို့..
အိပ်မောကျနေသူကို ငုံ့ကြည့်မိသည်။ခါးတွေကိုဖက်.. ရင်ခွင်ထဲ ပျောက်မတတ်
နစ်ဝင်နေသည့် ခေါင်းလုံးလုံးဟာ ကျနော်မှဆွဲမထုတ်လျှင် ရာသက်ပန်တိုးဝှေ့ခိုကပ်ရင်း အိပ်ပျော်နေဦးမှာ အသေချာပဲ..။လက်မောင်းတွေလည်း တောင့်နေပြီ..
Jeon မနိုးသရွေ့ မနှိုးဖို့ သစ္စာစောင့်သိနေတဲ့
ခန္ဓာကိုယ်ဟာ Kim Seokjinအပိုင်မှ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ချင်စရာ.."သားJeon.. သားJeon
ဒီကောင်လေးဟယ် ညဘက်တွေ
ဘယ်အချိန်မှ အိပ်လို့ ခေါ်မကြားအော်မကြား
ဖြစ်သလဲ..ဟဲ့ သားJeon!"