အချိန်သည်ကား ည ၉နာရီစွန်းစွန်း..
လက်ဖွဲ့အိမ်ကြီး၏ ဧည့်ခန်းတစ်နေရာမှာ
မူးတဲ့လူကမူး ပျော်တဲ့လူကပျော်နှင့် စုစုရုံးရုံး
စကားဝိုင်းဟာ အချိန်တစ်ခုကြာသည်အထိ ညဥ့်နက်သွားမည့် သဘောကိုဆောင်နေသည်။သတို့သားနှစ်ယောက်မှာ လူငယ်ပီပီ အသောက်အစားလေးများဖြင့် ဝိုင်းမှာကဲနေဆဲ။ Namjoon တို့အုပ်စုလည်း အာလေးလျှာလေး အရှိန်တရွေ့ရွေ့နှင့် ကောင်းနေဆဲ။
ဆူညံမှုများ၏ အခြားတစ်ဖက်
ဘက်ထောင့်ချိုးတစ်နေရာတွင်တော့ ဆန့်ကျင်ဘက် ဆန်ဆန်အခြေနေတစ်ခုဖြစ်ပေါ်နေသည်။အဆိုးအဆာတစ်ယောက် အပြင်ဘက်မှာ ရပ်စောင့်နေတာကြာပြီ။
"အဆင်ပြေလားလို့"
"ငါဝင်လာပါမယ်ဆို တံခါးကိုဖွင့်စမ်းပါ"
အခန်းထဲမှ ဘာတုံ့ပြန်မှုမှ ပြန်မလာလို့
စိတ်တွေလေလာသည်။Jeonက မူးလျှင် ငြိမ်ပြီးကုပ်သွားတတ်သည်။ အတူသောက်ပြီးတိုင်း သူ့အိပ်ရာဆီတန်းတန်းမတ်မတ်လျှောက်ပြီး ငြိမ်ငြိမ်လေး အိပ်ပျော်သွားတတ်တာချည်း။ ဒီတစ်ခါလည်း လျောလျောရှူရှူလေးပါပဲလို့ စိတ်ထဲတသမှတ်တည်း တွေးခဲ့မိသည်။
အူရိုင်းလေးမို့ ဝိုင်နီကို လက်မခံနိုင်ဖြစ်ပြီး
အန်နေသည် ထင်လို့ ခဏလွှတ်ပေးမိပေမယ့်.. အခုသည် အန်နေသည့် အသံလည်း မကြားရပေ။"မူးနေပြီမလား! မသောက်နိုင်ဘဲ
ဘာလို့သောက်လဲ..အခုဖြစ်ပြီ..
ဖွင့်! တံခါးကို""ဖွင့်လို့မရဘူး"
အသံထွက်လာသည်..
အသက်ရှူနှုန်းတွေကြမ်းတမ်းနေသလို မောဟိုက်သည့် အသံ။
Seokjin လန့်ဖျတ်သွားသည်။
"Jeon!"
"မင်း ဘာဖြစ်နေတာလဲ"
"........"
"ဟေ့ကောင်! ငါ မေးနေတယ်
ဘာဖြစ်နေတာလဲလို့!""မသိဘူး.. အရမ်းပူနေတယ်
ဆက်မပြောချင်တော့လို့ ဆက်မမေးနဲ့
Seokjin.. ငါ အရမ်းပူနေပြီ"မနားတမ်းကြားနေရသည့် အသက်ရှူသံသည် မြန်ဆန်လွန်းနေသည်။ တစ်ခုခုတော့ မှားနေမှန်း Seokjin နားလည်လိုက်သည်။