28

1.6K 215 88
                                    

အနီးအနားလေးမို့ ရပါသည်ဆိုတာကို
ကားပေါ်တက်ခိုင်းပြီး လိုက်ပို့ပေးမည် ဟူသည့် သူမ။

ဘာမှမဖြစ်လောက်ပါဘူး ထင်ပြီး အရှင်းဆုံးအရိုးခံ စိတ်ဟာ တစ်ခါတလေ ပြဿနာကို ခေါ်ဆောင်လာတတ်မှန်း Jungkook မသိခဲ့ပေ။

သူမက ပြုံးနေတာပဲ။ နီမို့မို့ပါးနှစ်ဖက်နဲ့ မျက်နှာဖြူဖြူ ဝိုင်းဝိုင်းဟာ ဆာကူရာမြေက အမျိုးသမီးတွေ၏ ပုံပန်းသဏ္ဍာန်လို ရိုးရိုးရှင်းရှင်းနှင့် ကျက်သရေတစ်ခုပိုင်ထားသည်။

စကားတွေလည်း ကားမောင်းလာချိန်တလျှောက်လုံး အာပတ်မလည်အောင် ပြောသည်မှာ မရပ်မနား။

"မင်းကို ဒီမှာပဲ အလုပ်လုပ်စေချင်တယ်
ဆန္ဒရှိရင် တစ်ခါတည်း ရွှေ့ဆိုင်းစာတင်ပေးမယ်..ဘယ်လိုသဘောရလဲဟင်"

ဘေးမှ အသံတိတ်လိုက်ပါလာသူမှာ ခပ်ရေးရေးပြုံးရင်း ရည်ရည်မွန်မွန် ပြန်ပြောလိုက်သည်။

"ကျနော် ဆိုလ်းမှာပဲ အဆင်ပြေပါတယ်"

စတီယာရင်ပေါ်ရှိ လက်တွေက တတောက်တောက်ခေါက်နေရင်း ခေါင်းကိုညိတ်လာသည်။

"တို့ သိပါတယ်..
မွေးရပ်ဆိုတော့ ဘယ်ခွဲချင်ပါ့မလဲ"

"ဒါပေမယ့် မင်းမှာ အရည်အချင်းကောင်းတွေ ရှိတယ် Jungkook.. တို့ လိုအပ်နေတဲ့
စွမ်းအင်မျိုး မင်းမှာရှိတယ်.. ပြောချင်တာကကွာ မတူညီတဲ့ အရည်အချင်းကောင်းတွေ ပေါင်းစပ်ရင် masterpieceတစ်ခုတော့
ထွက်လာမှာ သေချာတယ်..
မင်းလ်ို အိုင်ဒီယာတွေးတွေးဆဆရှိသူမျိုး
ပါးပါးကုမ္ပဏီအတွက် အမြဲလိုချင်ခဲ့တာ"

"ထပ်စဉ်းပေးပါဉီးလား..
ဒီမှာလည်း ဆိုလ်းလို ရေမီးအစုံ
ဆိုတာထက်ကို ဇိမ်ကျကျနေရမှာပါ..
အရေးကြီးတာက မင်းသာ လိုလိုချင်ချင်ဖြစ်ဖို့ပဲ"

"ဟုတ်ကဲ့.. ကျနော် နားလည်ပါတယ်
ဒါပေမယ့် ဆိုလ်းမှာပဲပျော်လို့ပါ..
ဒီအလုပ်ကိုပဲ အေးအေးဆေးဆေးလုပ်သွားရရင်ကို ကျနော့်အတွက် အဆင်ပြေပါပြီ"

အပြုံးမပျက်စွာ သက်ပြင်းကို ချသည်..

"ပညာတစ်ခုအပေါ်မှာ
လောဘထားတတ်ရတယ် Jungkookရဲ့..
တို့ကလည်း တကယ် အလုပ်မဖြစ်ရင်
ဒီလို အထူးတလည်ကြီး ခေါ်ပါ့မလား..
မင်းကိုလည်း အခုနေရာထက် ပိုကောင်းတဲ့အဆင့်မျိုးက်ို ရောက်စေချင်လို့
တိုးတိုးတက်တက်ရှိစေချင်လို့ ဘယ်သူ့ကိုမှ
မတောင်းဆိုဖူးတဲ့ ကမ်းလှမ်းမှုမျိုးကို ပေးတာပါ.. ဘာလဲ"

Dear. Jeon Where stories live. Discover now