1 (Uni+Zaw)

40K 1.3K 52
                                    

Unicode

"တစ်၊နှစ်၊သုံး၊လေး ကိုဖိုးအေး
  လေး၊ငါး၊ခြောက်၊ခွန် မလှမွန်
  မလှမွန်သူနာပြု
  လူနာ့ဂွေးဥတူနဲ့ထု
  ဟား…ဟား…ဟား…"

"ဟဲ့ သားရေ ဝိုင်းလမင်း…"

"ဗျာ မေမေ။လာပါပြီဗျ။
ဒန်ဒန့်ဒန်၊ပုံပုံ့ပုံ၊ချွန်ချွန့်ချွန်"

အပြောနှင့်အဆိုနှင့်ပါးစပ်အတီးနှင့် ဝိုင်းလမင်းတစ်ယောက် အိမ်ထဲသို့ပြေးဝင်သွားသည်။

"ဟူးးးဒီကလေးဟာ ဘယ်လိုလေးလဲမသိဘူး။မျောက်လေးကျနေတာပဲ။မျောက်တောင်သူ့လောက်ကမြင်းကြောမထဘူး။သူ့ကိုမြင်လိုက်တိုင်း အမြဲပြေးလွှားခုန်ပေါက်ပြီး ပါးစပ်ကလည်း ဆိုချင်ရာဆိုနေတော့တာပဲ။အရူးလေး…"

တစ်ဘက်ခြံရှိ တိုက်ကြီး၏ဝရံတာထက်မှ သူရိန်မော်ကွန်းတစ်ယောက် ဝိုင်းလမင်းထံလှမ်းကြည့်ပြီး မှတ်ချက်ချနေခြင်းဖြစ်သည်။

တသ်ဘက်ခြံတွင်တော့ ဝိုင်းလမင်းတစ်ယောက်တိုက်ထဲသို့ ပြေးဝင်သွားသည်။ဧည့်ခန်းထဲအရောက် မိခင်နှင့်အတူစကားပြောနေသည့် ဧည့်သည်အမျိုးသမီးနှစ်ယောက်ကိုတွေ့တော့ ကိုယ်ရှိန်လေးသတ်လိုက်ပြီး အနေခက်သလို အင်္ကျီစကိုလိမ်ကျစ်ကာ မိခင်အနီးတိုးကပ်သွားရင်း…

"မေမေ…ဘာခိုင်းစရာရှိလို့လဲဟင်။"

"ခိုင်းဖို့မဟုတ်ဘူး။ဒီမှာ အိမ်နီးချင်းမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမလို့။
ဪ ဘယ်နှယ့် အင်္ကျီကိုလိမ်နေရတာလဲ။ကောင်းကောင်းနေစမ်းပါ။"

မိခင်ကဆိုရင်း သူ့လက်ကိုဖြေကာ အင်္ကျီကိုဆန့်ပေးသည်။ပြီးမှ ဧည့်သည်အမျိုးသမီးတွေထံကြည့်ပြီး…

"အဲဒါသာကြည့်တော့။
ဒါ ဆယ်တန်းကျောင်းသားတဲ့။
ခုထိကလေးစိတ်မကုန်သေးဘူး။
ကျွန်မဖြင့် ဒိီသားတစ်ယောက်နဲ့တကယ်မောနေတာပဲ။"

"ဒိီလိုလည်း ဘယ်ဟုတ်မလဲ မမတင်ရယ်။
သားလေးကချောပြီးချစ်စရာကောင်းလိုက်တာ။ကလေးဆန်တာပဲ ကောင်းတာပေါ့ မမတင်ရဲ့။စိတ်အေးရတာပေါ့…။"

ဧည့်သည်အမျိုးသမီးတစ်ယောက်ကဆိုသည်။တစ်ယောက်ကလည်း ဝိုင်းလမင်းထံကြည့်၍ပြုံးသည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now