18 (Uni+Zaw)

7.6K 550 33
                                    

Unicode

အချိန်၏တိုက်စားမှု...
မရပ်မနားခုတ်မောင်းနေသော အချိန်ရထားကြီးနှင့်အတူ ဝိုင်းလမင်း၏ ဆယ်တန်းစာမေးပွဲကြီးသည်လည်း လိုက်ပါ ပြီးစီးသွားပြီဖြစ်သည်။
ဆယ်တန်းစာမေးပွဲကြီးပြီးသည်နှင့် ဝိုင်းလမင်းသည်လည်း မေမေ့ကိုကူညီရပါပြီ။
မေမေနှင့်အတူ ဆိုင်လိုက်ကူထိုင်ပေးရသည်။
ဆိုင်ရောက်ပြီဆိုလျှင် မေမေက ရွှေကိုင်းမျက်မှန်ကြီးအောက်မှ စာရင်းတွေကို တွက်ချက်နေတတ်သည်။

"မေမေ…အပြန်ကျ ပန်းတိမ်အိမ်ကို သွားရဦးမှာလား…"

"ဟိုဘက်ခြံက ဒေါက်တာတို့ အော်ဒါမှာထားတဲ့ပစ္စည်းတွေ ဒီနေ့ရမှာမို့ သွားယူရမယ်။ဘာဖြစ်လို့လဲ သား…"

"ဘာမှမဖြစ်ပါဘူး…။သားရဲ့ မေမေ တော်တော် ပင်ပန်းပါလားလို့ တွေးမိလို့ပါ…။"

"ဟင်း…ဒါပေါ့ သားရယ်။ဘယ်အလုပ်မဆို ကြိုးစားရတာပဲ။ပင်ပန်းခံရတာပဲ။ဒါ့ကြောင့်လည်း မေမေက သားလေးကို ရည်ရွယ်ချက်ရှိတဲ့အတိုင်း ပညာတတ်ကြီးဖြစ်စေချင်တာပေါ့…"

"ဟီး သားကလည်း ဆရာဝန်ကြီးပဲ ဖြစ်ချင်တာပါ…"

"အေးပါ…။ဆရာဝန်သာဖြစ်ချင်တာ စာမေးပွဲကရော ကောင်းကောင်းဖြေနိုင်ခဲ့ရဲ့လား…"

"အဟင်း…သင်ပေးတဲ့ဆရာကိုလည်းကြည့်ပါဦး မေမေရယ်…။တစ်အိမ်သားလုံးက ထမင်းကျွေးပြီးတော့ကို အလကားသင်ပေးကြတာနော်။အစ်ကိုတို့ တူဝရီးသုံးယောက်ရဲ့ စေတနာတွေ နည်းနည်းနောနောမဟုတ်ဘူး…။
သားလိုလူမှ ဆရာဝန်မဖြစ်ရင် ဘယ်သူဖြစ်တော့မလဲ…။ဪ ပြန်တဲ့အခါ သစ်သီးလေးဝယ်သွားချင်တယ် မေမေ…။အစ်ကိုက သစ်သီးဝလံလေးတွေကြိုက်တတ်တယ် မေမေရဲ့။မေမေ…ဝယ်ပေးပါနော်…"

"အေးပါကွယ်…အိမ်ပြန်ရင် လမ်းကျ ဝယ်ပေးမယ်နော်…"

အပြုံးတွေနှင့် သားအမိနှစ်ယောက် စကားပြောဆိုနေပုံကို ဝန်ထမ်းတွေက သဘောကျကာ ပြုံးကြည့်နေကြ၏။ဒေါ်တင်တင်ဝင်းသည်က စကားပြောလျက် စာရင်းတွက်ရင်းနှင့်ပင် အတွေးတစ်ခုသည် ခေါင်းထဲသို့ တိုးဝင်လို့လာခဲ့လေသည်…။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now