13 (Uni+Zaw)

7.9K 587 2
                                    

Unicode

"ကရင်း ရင်း ရင်း…"

ဖုန်းမြည်သံကြောင့် ဆိုင်သို့သွားတော့မည့်ဆဲဆဲ ဒေါ်တင်တင်ဝင်းသည် ဖုန်းလေးကို သွားရောက်နားထောင်လိုက်သည်။

"ဟဲလို…"

"ဟဲလို…မမတင်လား။ကျွန်မ ဆင့်ပါ…။"

"ဪ ဒေါက်တာ…ပြောပါရှင်။ဘာကိစ္စများရှိလဲမသိဘူး…။"

"မမတင်ရေ အခုဆင့်တို့မိသားစုတွေအားလုံး စေ့စပ်ပွဲသွားကြမလို့။အဲ့ဒါ ပန်းလေးနည်းနည်းလောက်လိုချင်လို့ပါ…။"

"ဪ ဒါများဒေါက်တာရယ်။ရပါတယ်။ပြော ပြော ဘာပန်းလိုချင်လဲ။သားကို ခူးပြီးပို့ခိုင်းလိုက်ပါ့မယ်…"

"မမတင်ရယ် အလကားတော့ မယူပါရစေနဲ့။ဝယ်ပါရစေ…"

"ဒေါက်တာရယ် မဟုတ်တာ။မဝယ်ရပါဘူး။အားလည်းမနာရပါဘူး။ဒါနဲ့ ဘာပန်းလိုချင်လဲ။ဘယ်နှစ်ပွင့်လောက်လဲ ပြောပါ။"

ထိုအစဉ် ဒေါ်တင်တင်ဝင်းအနားသို့ ဝိုင်းလမင်းလေးရောက်လို့လာသည်။

"မေမေ ဘယ်ကဖုန်းလဲဟင်…"

"ဪ သား…ဟိုဘက်ခြံက ဒေါ်လေးဆင့်တို့ဆက်တာ။စေ့စပ်ပွဲသွားဖို့ ပန်းလိုချင်လို့တဲ့။သား…သစ်ခွအဝါနဲ့အဖြူကြီးတွေပွင့်နေတယ်မဟုတ်လား။အဲဒါတွေခြောက်ပွင့်လောက်ခူးပြီးသွားပေးလိုက်နော် သားလေး…"

"မမတင်ရယ် သုံးပွင့်ဆို ရပါပြီ။အားနာလိုက်တာရှင်…"

"အဖြူတစ်ပွင့်၊အဝါတစ်ပွင့် ဆင့်ပန်သွားရင် သိပ်ကိုလှမှာပါ။ပန်သွားလိုက်ပါရှင်။သားရေ…မြန်မြန်ခူးပြီးသွားပေးလိုက်ပါကွယ်။ဒေါ်လေးတို့က စေ့စပ်ပွဲသွားရဦးမှာနဲ့…"

"ဟုတ်ကဲ့ ဟုတ်ကဲ့…"

စေ့စပ်ပွဲဟူ၍ ဝိုင်းလမင်း၏ရင်ထဲတစ်နေရာတွင် တစ်မျိုးလေး လှုပ်ခတ်၍သွားရသည်။အစ်ကို့ရဲ့စေ့စပ်ပွဲများလား။ရင်ထဲတွင်လည်း အစိုင်အခဲတစ်ခုက ဝင်ရောက်နေသလို။

အရိုးသားဆုံးဝန်ခံရရင် ကျွန်တော် အစ်ကို့ကို နှမြောမိနေတာ။ဟုတ်တယ်လေ…ကျွန်တော့်အစ်ကိုက ဥစ္စာပေါ၊ရုပ်ချော၊သဘောလည်းကောင်း၊ပညာကလည်းတတ်၊ဒေါက်တာလူချောကြီးဆိုတော့ နည်းနည်းတော့ နှမြောမိသား။အစ်ကို့ကိုရတဲ့သူကတော့ တကယ်ကံကောင်းမှာပါ…။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now