31 (Uni+Zaw)

6.8K 487 31
                                    

Unicode

"ညက ကိုစိုင်း,ဖုန်းဆက်တယ်။သူ ပြန်လာတော့မယ်တဲ့...။"

"အဲ့တာဆို ကိုစိုင်းဝင်းဌေးပြန်လာတော့မှာပေါ့..."

"ဟုတ်တယ်။သူ့သားကို နေရာကောင်းကောင်းချပေးထားခဲ့မှာပါ။ကိုစိုင်းက မမိုးထက်တောင် စီစဉ်တတ်သေးတာ..."

ထမင်းစားခန်းထဲတွင် မနက်စာစားနေကြရင်း ဒေါက်တာတို့ ညီအစ်မတွေ စကားပြောဖြစ်ကြခြင်းပါ။
မနက်စာအဖြစ် ဒေါ်သောင်းစီစဉ်ပေးသော ရွှေတောင်ခေါက်ဆွဲ၊ပဲပြုတ်နံပြားနှင့် ကော်ဖီတို့အား ညီအစ်မတွေ အေးဆေးစွာစားသောက်နေကြရင်း ဒေါက်တာဆင့်နှင့်ဒေါက်တာရီတို့မှာ အလုပ်ကိစ္စတွေအကြောင်း ပြောဆိုနေကြ၏။
ဒေါက်တာမြမြမိုးသည်က သားဖြစ်သူ ချင်းပြည်သို့ သွားသည့်နေ့က မြင်ကွင်းတွေအား ပြန်လည်မြင်ယောင်ရင်း စဉ်းစားနေဖြစ်လေ၏။

"သားလေး ဝိုင်းလမင်းတောင် အိမ်မလာတာကြာပြီနော်။"

ဒေါက်တာမြမြမိုး စကားစလိုက်တော့ ဒေါက်တာအပျိုကြီးနှစ်ယောက် စိတ်ဝင်တစားဖြင့် လှည့်ကြည့်လာကြသည်။

"အင်း...ဟုတ်တယ်နော်။
မှတ်မှတ်ရရ သားသူရိန် ချင်းပြည်သွားတဲ့နေ့က နောက်ဆုံးလာသွားတာပဲ။"

ဒေါက်တာဆင့်ဆိုသည်။
ဒေါက်တာမြမြမိုး မိမိ အကွက်ထဲဝင်လာပြီဖြစ်၍ မိမိပြောချင်သည်များကို ပြောရန် ဟန်ပြင်လိုက်သည်။

"သား ချင်းပြည်ကို သွားတဲ့နေ့က သားနဲ့ဝိုင်းလမင်းလေးရဲ့ အမူအယာတွေကို သတိထားမိကြလား။တို့သားရော ဝိုင်းလမင်းလေးရော ဝမ်းနည်းနေကြတာ ဖုံးဖိလို့မရအောင်ကို ပေါ်လွင်နေတယ်။လက်ကိုင်ထားတာလည်း ကားပေါ်တက်တဲ့အထိပဲ။ငါထင်နေတယ် ဟယ်...။ဒီရက်ထဲမှာ ငါစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။"

"ဘာ ဆုံးဖြတ်ချက်လဲ မမိုး။"

"သားတို့နှစ်ယောက်ကို လူကြီးချင်း စကားလမ်းကြောင်းထားဖို့ပေါ့..."

"ဟယ်...ဖြစ်မှလည်းလုပ်ပါ မမိုးရယ်။တော်ကြာ မမတင်နဲ့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါဦးမယ်...။"

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Donde viven las historias. Descúbrelo ahora