Unicode
စာမေးပွဲလည်းပြီး၊ကျောင်းလည်းပိတ်ပြီမို့ ဝိုင်းလမင်းတစ်ယောက် ပျင်း၍နေ၏။မေမေကတော့ ကျောင်းပိတ်တုန်း ဆိုင်လိုက်ထိုင်ရန်ခေါ်သည်။စာကျက်ထားရ၍ ဦးနှောက်ပင်ပန်းနေသေးသည်ကြောင့် တစ်ရက်၊နှစ်ရက်လောက် အိမ်မှာနေပြီး အနားယူဦးမည်ဟုအကြောင်းပြကာ အိမ်တွင်နေခဲ့သည်။
ဝိုင်းလမင်းသည် မိမိနေအိမ်ထက် ဘယ်နေရာမှ နေထိုင်ရ မလွတ်လပ်ကြောင်း ခံယူထားသူလေးပီပီ အိမ်တွင် လွတ်လပ်ပျော်ရွှင်စွာနေသည်။
အိမ်တွင် စားချင်တာ စားလို့ရသည်။ကြိုက်သလို အော်ဟစ် ရယ်မော ဆော့ကစားလို့ရသည်။ခုန်ပေါက်ပြေးလွှားနေ၍လည်း ဘာမှမဖြစ်…။ဒီလိုလွတ်လပ်မှုကိုနှစ်သက်သူမို့လည်း ဝိုင်းလမင်းသည် စားချင်တာတွေစား ကစားချင်တာတွေကစားပြီး ကျန်အချိန်များတွင်တော့ အိပ်နေဖြစ်ခဲ့သည်။စားလိုက်၊သောက်လိုက်၊ဆော့လိုက်၊အိပ်လိုက်ဖြင့် ယခုလည်း အိပ်ရာမှနိုးလာတာဖြစ်သည်။နိုးလာသည်နှင့် ပါးစပ်ကလည်း တစ်ခုခုအား စားချင်နေပြန်တာဖြစ်သည်။အချိန်ကလည်း မွန်းလွဲတစ်နာရီသာရှိသေးသည်မို့ အိပ်ယာမှနိုးသည်နှင့် မျက်လုံးလေးကျယ်၊အိပ်ချင်နေတာလေးလည်းပြေသွားအောင် ချဉ်ချဉ်စပ်စပ်ကလေးတွေ စားချင်နေပြန်ရသည်။
ဝိုင်းလမင်းသည် ဘာစားရင်ကောင်းမလဲဟု စဉ်းစားရင်း အိပ်ခန်းထဲမှထွက်လာခဲ့လိုက်သည်။အပေါ်ထပ်မှဆင်းခဲ့ပြီး မီးဖိုထဲရောက်သည်မှာတော့…
"ဒေါ်စူးရေ…"
"ဪ ဝိုင်းလေး နိုးပြီလား…"
"ဟုတ်…။ဒါနဲ့ ဒေါ်စူး…သား ဘာစားရင် ကောင်းမလဲဟင်…"
"ဟင် ဝိုင်းလေးက ဘာစားချင်လို့လဲ ပြောလေ…။အိမ်မှာမရှိလည်း ဒေါ်စူးသွားဝယ်ပေးမယ်…။"
"ဝိုင်းလေးရေ…မာလကာသီးပွပွကြီးတွေနဲ့ သကြား၊မာဆလာ၊ငရုပ်သီးမှုန့်ရောပြီး တို့စားရရင် မကောင်းဘူးလား…။"
"အယ်…မအသေးလေးတော်တယ်။အာ…အရမ်းတော်တာပဲ။ဟုတ်တယ်။မာလကာသီးကြီးတွေ ခြံထဲမှာရှိတယ်။ကဲ…မသေးသေးလေးရေ…အရေးတော်ပုံစမယ်။"
BINABASA MO ANG
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romanceဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)