3 (Uni+Zaw)

11.7K 899 30
                                    

Unicode

သူရိန်မော်ကွန်းတစ်ယောက် ကျောင်းသွားရန်ပြင်ဆင်ပြီးသည်တွင် ဆင်ဝင်အောက်သို့ထွက်လာခဲ့သည်။
ဆင်ဝင်အောက်တွင် ကားနှစ်စီးအသင့်ရှိနေ၏။
သူရိန်မော်ကွန်းအတွက်က တစ်စီးဖြစ်၍ အဒေါ်အပျိုကြီးနှစ်ယောက်အတွက်က တစ်စီးဖြစ်သည်။
သူရိန်မော်ကွန်း၏ကားမှာ BMW luxury car အမျိုးအစားဖြစ်ပြီး အနက်ရောင်ပြောင်လက်နေသည်။

မိုးလင်းလျှင် ဦးကြူက ကားတွေဆေးကြောသုတ်သင်ပြီး အိမ်ရှေ့ဆင်ဝင်အောက်တွင် တန်းစီ၍ အသင့်ထုတ်ထားပေးသည်။
ညဘက် သွားစရာမရှိတော့လျှင်လည်း ဦးကြူကပင် ကားတွေအား ဆေးကြောသုတ်သင်၍ ဂိုဒေါင်ထဲတန်းစီထည့်ပေး၏။

ယခုလည်း ကားတွေက ဆင်ဝင်အောက်တွင် တန်းစီ၍ရှိနေပြီဖြစ်သည်။သူရိန်မော်ကွန်းသည် ရှေ့ဆုံးတွင်ရပ်ထားသော မိမိကားဆီသို့ လှမ်းသွားလိုက်တော့သည်။

"ဟဲ့ မိခိုင် မိခိုင်ရေ…မြန်မြန် မြန်မြန်…"

ခြေရင်းခြံမှ အမျိုးသမီးတစ်ဦး၏ အသည်းအသန်လှမ်းခေါ်သံကို သူရိန်ကြားဖြစ်လိုက်သည်။
ဒါပေမဲ့ ကိုယ်နှင့်မဆိုင်သည်မို့ စပ်စုမနေတော့ဘဲ ကားတံခါးဖွင့်ကာ ကားထဲဝင်ထိုင်ပြီး စက်နှိုး၍ မောင်းထွက်ခဲ့တော့၏။

ခြံထဲမှ ကားအထွက် ဘာရယ်မဟုတ် တစ်ဘက်က မျက်နှာချင်းဆိုင်ခြံသို့အကြည့်တစ်ချက်ရောက်မိတော့ သူရိန်မျက်မှောင်သာသာကြုံ့ကာ တွေတွေစဉ်းစားမိသွားသည်။ပြီးမှ သဘောပေါက်သွားစွာ…

"ဘာလေးတွေမှန်းမသိဘူး။မိန်းကလေးတွေများ ကိုယ့်အလုပ်အပျက်ခံပြီး ငါ့ကို စောင့်ကြည့်နေရတယ်လို့…"

စိတ်ထဲမှရေရွတ်ရင်း ကားလေးအား အိမ်မှအထွက် ညင်သာစွာမောင်းဖြစ်သည်။ခြေရင်းခြံရှေ့မှအဖြတ် ကျောင်းသွားမည့်ဟန် အလှ‌တွေပြင်ဆင်ထားသည့် အမျိုးသမီးလေးတစ်ဦးခြံရှေ့ထွက်လာသည်ကို တွေ့လိုက်ရပြန်သည်။မိန်းမပျိုလေးက ရည်ရည်မွန်မွန်လေးပြုံးပြတော့ မပြုံးတုံ့ပြုံးတုံ့လေးဖြင့် ကားမောင်းထွက်ခဲ့လိုက်ရတော့သည်။

"အမလေးချောလိုက်တာဟယ်။
အပြုံးလေးနဲ့သတ်ချသွားတာ။
သေပါပြီဒေါက်တာရယ်။"ဆိုသော နောက်ပါးတစ်နေရာဆီမှ စကားသံတွေကိုလည်း ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now