Unicode
နေ့လည်၁၁နာရီခန့်တွင် ဝိုင်းလမင်းသည် ချွေးများထွက်ပြီးအိပ်ယာမှနိုးလာခဲ့၏။ခုမှ တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုလည်းရှ်ိရသည်။
ဝိုင်းလမင်းသည် ချွေးတွေကိုထသုတ်ပြီး အင်္ကျီတွေကိုပါ လဲဝတ်လိုက်သည်။ထိုအခိုက်ပင် စားသောက်စရာတွေထည့်လာသည့် လင်ဗန်းကိုကိုင်ကာ ဒေါ်စူးတစ်ယောက် အခန်းထဲဝင်ရောက်လာသည်။"ဟင် …ဝိုင်းလေးကနိုးနေပြီလား။ဘာလို့ထပြီး အင်္ကျီလဲနေတာလဲကွယ်။ဒေါ်စူးကိုခေါ်လိုက်ရောပေါ့…။ဒေါ်စူးက ဝိုင်းလေးဝတ်ဖို့ အဝတ်အစားတွေသွားထုတ်ပေးမှာပေါ့,…"
"ရပါတယ် ဒေါ်စူးရဲ့…။သား သက်သာသွားပါပြီ။သားက ဖျားမှာကြောက်နေတာ။ခုတော့တော်သေးတယ်။မေမေလာကြည့်လို့…"
"အမလေး…ဝိုင်းလေး ကျေးဇူးတင်ရမှာ ဟိုဘက်ခြံက ဒေါက်တာကိုကို,ကိုပါနော်…"
"ဟင်…ဟုတ်လား။ဘယ်လိုဖြစ်လို့လဲ…"
ဝိုင်းလမင်းမေးတော့ တစ်ဘက်ခြံမှ အစ်ကိုသူရိန်မော်ကွန်းက စားပွဲပေါ်တွင် ဝိုင်းလမင်းအိပ်ပျော်နေသည်ကိုတွေ့ရကြောင်း မိခင်ကိုဖုန်းဆက်ပြောမှ မိခင်သိရကြောင်း။အကြောင်းစုံကို ဒေါ်စူးရှင်းပြ၏။
"အို…ဒီလိုလား…။ဒါဆိုရင် အစ်ကို့ကိုကျေးဇူးတင်ရမှာပေါ့ ဒေါ်စူးရယ်…"
"ဒါပေါ့…သူ့ကိုဖုန်းဆက်ပြီး အခြေအနေလေးပြောပြလိုက်ဦး။ကျေးဇူးတင်ကြောင်းလည်းပြောပေါ့…"
"ဒါပေါ့ ပြောရမှာပေါ့ ဒေါ်စူးရယ်။ခုချိန်က အစ်ကိုမရှိဘူး။ညနေကျမှဆက်မယ်။ဒါနဲ့ မေမေက ကျောင်းမှာခွင့်တင်ပေးထားတယ်တဲ့လား…"
"အေး ပြောသွားတယ်။ဒေါ်စူးကိုလည်း သူ့သားလေးကိုသေချာဂရုစိုက်ပေးဖို့ မှာသွားပါသတဲ့ရှင်…"
"ရပါတယ် ဒေါ်စူးရဲ့…။သားက နေကောင်းနေပါပြီ။ခု အိမ်မှာ ဘာဟင်းချက်လဲဟင်…"
"ဘဲသားပေါင်းတယ်။ငါးခူစင်းကောကို ရွဲယိုရွက်နဲ့ချက်တယ်။"
"ဟာ…သားအကြိုက်တွေပဲ…။စားမယ်…"
"စားလို့မရသေးဘူးလေ ဝိုင်းလေးရဲ့။အဖျားဝင်သွားလိမ့်မယ်။ဒီမှာ ဒေါ်စူးဆန်ပြုတ်လေးကျိုလာတယ်။ငါးကြော်လေးနဲ့သောက်လိုက်နော်…"
YOU ARE READING
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romanceဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)