29(Uni+Zaw)

6.6K 494 42
                                    

Unicode

နွေ၊မိုး၊ဆောင်း ရာသီများလည်း အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီ။
ပြောင်းလဲသွားသောရာသီများနှင့်အတူ သူရိန်မော်ကွန်းတစ်ယောက်သည်လည်း ကျောင်းပြီး၍ ဆရာဝန်တစ်ယောက်အဖြစ်နှင့် လာမည့်အင်္ဂါနေ့တွင် ချင်းပြည်နယ်သို့ တာဝန်နှင့်ပြောင်းရွှေ့နေထိုင်ရတော့မည်ဖြစ်၏။

သူရိန်မော်ကွန်းတစ်ယောက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတော့မည်မို့ မိဘနှစ်ပါးအနေနှင့် ချစ်သားအားနှုတ်ဆက်ရန်အတွက် သည်နေ့ရောက်လာကြမည်ဖြစ်သည်။

မသွားခင်ရက်အတွင်း သူရိန်မော်ကွန်းသည်လည်း လိုအပ်မည့်ပစ္စည်းမှန်သမျှ စဉ်းစားပြီးစုစည်းထား၏။အဒေါ်ဖြစ်သည့် ဒေါက်တာတို့ ညီအစ်မတွေကလည်း တူချောအတွက် လိုလေသေးမရှိအောင် စဉ်းစားစီစဉ်ပေးနေကြပါသည်။

သူရိန်မော်ကွန်းသည် မိမိယူသွားရမည့်ပစ္စည်းတွေကိုကြည့်ပြီး မိမိရင်ထဲမှာတော့ မိမိအတွက်လိုအပ်သည့် တစ်စုံတစ်ရာရှိနေသေးကြောင်း ဖြစ်ပေါ်နေရချေသည်။
တစ်နေ့ထက်တစ်နေ့ သူ့ရင်ထဲမှာ ပို၍ တင်းကျပ်လာခဲ့ရသည်။ကြိမ်ဖန်များစွာသောအကြည့်‌တို့သည်လည်း တစ်ဘက်ခြံသို့သာ ရောက်နေဖြစ်ရ၏။

ချင်းပြည်နယ်သို့သွားရတော့မည့်မိမိအကြောင်းကို ကလေးပေါက်လေးအား မည်သို့ပြောပြရမည်ကို သူမသိတော့ပါ။ပြောလည်း မပြောရက်ပါ။‌ပြောရင်းနဲ့ ဣန္ဒြေမဆည်နိုင်ဘဲ ကလေးငယ်ရဲ့ရှေ့မှာ ငိုမိမှာကိုလည်း စိုးရိန်သည်။
ဒီပုံအတိုင်းသာဆိုလျှင်ဖြင့် ကလေးပေါက်လေးအား နှုတ်ဆက်ဖို့ပင် အခွင့်အရေးရှိတော့မည်မထင်ပါ။

ဟူး…ခိုးချစ်ရတာလည်းပင်ပန်းတယ်။ဟန်ဆောင်နေရတာလည်း ပင်ပန်းတယ်။ဖွင့်ပြောဖို့ကလည်း သူ့မှာ ချစ်ရမဲ့သူများရှိနေရင်…အို…မပြောတာပဲကောင်းပါတယ်လေ…။

"သားရေ…သူရိန်ရေ။ဒီမှာ မင်းမိဘတွေရောက်ကြပြီ။"

အောက်ထပ်မှလှမ်းခေါ်သံကြောင့် သူရိန်မော်ကွန်းသည် စိတ်ကူးတို့အားဖြတ်တောက်ကာ လှဲအိပ်နေရာမှ ထကာ အောက်ထက်သို့ ဆင်းခဲ့လိုက်ပါတော့၏။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now