Unicode
"ဝိုင်းလေးရေ…ဘယ်လဲ…"
"လမ်းထိပ်မှာ milk shake သွားဝယ်မလို့…"
"မသေးသေးသွားဝယ်ပေးမယ်လေ ဝိုင်းလေးရဲ့…"
"အာ…ရတယ် ရတယ်။ဒိီတိုင်း အညောင်းပြေ အညာပြေ လမ်းလေးလည်း လျှောက်ချင်လို့…"
လှမ်းမေးနေသည့် မသေးသေးထံလှမ်းပြောရင်း ခြံထဲမှ ဝိုင်းလမင်း ထွက်လာခဲ့လိုက်သည်။ဆိုင်က လမ်းထိပ်တင်မို့ ဝိုင်းလမင်းတစ်ယောက် ဟိုကြည့်ဒီကြည့်ဖြင့်လျှောက်လာခဲ့လိုက်သည်။
ဆိုင်ရှေ့အရောက်မှာတော့…"ဟေ့…ညီလေး ဝိုင်းလမင်း…ဘယ်လဲကွ…"
"ဟာ…အစ်ကိုတေဇ ပျောက်ချက်သားကောင်းနေပါလား။မတွေ့တာတောင်ကြာပြီနော်…"
"ဟုတ်တယ်…။အစ်ကို့သူငယ်ချင်းတွေနဲ့ အဆောင်မှာသွားနေနေတာ။ဒါနဲ့ ညီလေးကရော အခု ဘယ်လဲ…"
"ဪ Milk shake လာဝယ်တာပါပဲဗျ…။"
"ညီလေး ဘာသောက်မလဲပြောလေ…အစ်ကိုဝယ်တိုက်မယ်…"
"အာ…ရပါတယ် အစ်ကိုရဲ့ အားနာစရာ…"
"အံမယ် သူက အားနာတတ်သေးတယ်…"
တေဇ ဆိုရင်း ဝိုင်းလမင်း၏ခေါင်းလေးသို့ ချစ်စနိုးလေးဖြင့် ပွတ်လိုက်သည်။
ထိုမြင်ကွင်းကိုမှ မြင်တွေ့လိုက်ရသည်က သူရိန်မော်ကွန်းပါ။
မိဘတွေကို ကားဂိတ်သို့ လိုက်ပို့ရန် အိမ်မှထွက်လာသည့် သူရိန်မော်ကွန်းတစ်ယောက် ကိုလူချောတေဇနှင့် ဝိုင်းလမင်းလေးတို့အား အဝေးကပင် လှမ်းမြင်၍ ကြည့်လာခဲ့လေ၏။အနားရောက်ခါနီးတော့ အင်ဂျင်နီယာကျောင်းသားကြီး တေဇက ချစ်စနိုးလေးနှင့်ကျီစယ်လိုက်သည်ကို တွေ့မိခိုက်မှာတော့ သူရိန်မော်ကွန်းရင်ထဲ မောဟိုက်နွမ်းလျစွာ တင်းကျပ်နေမိရသည်။
ကားမောင်းရင်းမှ သက်မမောများ ချဖြစ်ရသည်ကလည်း အကြိမ်ကြိမ်ပါပဲ…။""သား ဟိုမှ ဝိုင်းလမင်းလေးမို့လား…"
"ဟုတ်တယ် မေမေ…"
"ဟာ ဦးဦးနဲ့ဒေါ်ဒေါ်တို့ ပြန်ကြတော့မလို့လား…"
"ဟုတ်တယ် သားလေးရေ…ဟိုမှာလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ပြန်ရတော့တာ။သားလေးလည်း နွေကျောင်းပိတ်ရင် ဒေါ်လေးတို့ဆီ လာလည်ပါလားကွယ်…"
YOU ARE READING
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romanceဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)