35 (Uni+Zaw) {FINAL}

12.9K 584 67
                                    

Unicode

"သားရေ..."

"ဗျာ..."

"ဘာလုပ်နေလဲ သား..."

"မနက်ဖြန်ပြန်တော့မှာဆိုတော့ ပစ္စည်းတွေသိမ်းနေတာပါ..."

"ဪ အေး အေး။
ဪ သားရေ...ရော့ ဒီမှာ ဒီစတစ်လေး တစ်ချက်လောက်ကြည့်ပေးပါလား။သိပ်မများပါဘူး။နည်းနည်းပဲ ခဏလေးပဲကြည့်ရင် ပြီးတယ်..."

"ဘာစတစ်လဲ မေမေ..."

"ဪ သားကြည့်တော့ သိမှာပေါ့ကွယ်။ကြည့်လိုက်နော် သား။ခုပဲ ကြည့်လိုက်ပါ။မေမေတို့အပြင်ခဏသွားလိုက်ဦးမယ်။သားကြည့်ဖြစ်အောင်ကြည့်...အခုပဲကြည့်နော်..."

"ဘာမို့လို့လဲ"ဟူသော အတွေးနှင့်ရှိနေဆဲပင် မေမေက အောက်ထပ်သို့ ဆင်းသွားပြီဖြစ်၏။မေမေက ကြည့်ခိုင်းသွားသည်မို့ ဘာပါလိမ့်ဟူသော စိတ်ဝင်စားမှုတွေဖြစ်ပေါ်ရင်း စတစ်ကိုကြည့်ရန် စားပွဲပေါ်မှ laptop လေးဆီသို့ သွားလိုက်တော့သည်။

သူရိန်မော်ကွန်းတစ်ယောက် စတစ်ကိုကြည့်ရန် ပြင်ဆင်နေဆဲအချိန်များ၌ တစ်ဘက်ခြံတွင်လည်း ဝိုင်းလမင်းသည် ကျောင်းသွားရန်ပြင်ဆင်ပြီး အခန်းထဲမှထွက်ခဲ့သည်။
လှေကားထိပ်ဆီအရောက်...

"သားလေးရေ...ဝိုင်းလမင်း..."

"ဗျာ မေမေ..."

နောက်မှ မိခင်ခေါ်သံကြောင့် လှည့်ကြည့်ရင်း ဝိုင်းလမင်းထူးသည်။ဒေါ်တင်တင်ဝင်းသည် အပြင်သွားရန်ပြင်ဆင်ပြီး၍ အခန်းထဲမှထွက်ခဲ့ပြီး လှေကားထိပ်ရောက်ခါမှ သားချောကိုတွေ့လိုက်ရသည့်ပုံနှင့် လှမ်းခေါ်ရင်း စလင်းဘက်အိတ်ထဲလည်း တစ်စုံတစ်ရာကိုနှိုက်ရင်းမှ...

"ဒီမှာ သားရေ...ရော့ ဒီစတစ်လေးကို မေမေ့ကိုကြည့်ပေးစမ်းပါဦးကွယ်။မေမေ အပြင်သွားစရာရှိလို့။သား အခုချက်ချင်းကြည့်ပေးမှရမှာနော်။ပြန်ပေးရမှာမို့ သားအခုပဲ ကြည့်လိုက်နော်..."

"ဒီဇိုင်းပုံတွေလား မေမေ..."

"အေး အခုကြည့်နော်။ပြန်ပေးရမှာ။ကဲ မေမေသွားပြီ..."

"ဟုတ်ကဲ့..."

စကားတွေဆိုရင်း ဒေါ်တင်တင်ဝင်းမှာ အောက်ထပ်သို့ဆင်းသွားခဲ့ပြီဖြစ်သည်။မိခင်က အောက်ထပ်သို့ဆင်းသွားပြီးသည်တွင် ဝိုင်းလမင်းသည်က စတစ်လေးကိုကြည့်ရန် အခန်းထဲသို့ ပြန်ဝင်ခဲ့လာတော့၏။
ယခင်ကလည်းပဲ မိခင်အတွက် ရတနာဒီဇိုင်းပုံတွေကို ကြည့်ပေးနေကျမို့ ကျောင်းသွားရန်လည်း အချိန်လိုသေးသည်မို့ အခုပဲကြည့်ပေးရန် စာကြည့်စားပွဲပေါ်က laptop လေးထဲသို့ စတစ်လေးတပ်ဆင်လိုက်သည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Donde viven las historias. Descúbrelo ahora