7 (Uni+Zaw)

9.8K 729 10
                                    

Unicode

နေထိုင်သည့်လမ်းထဲသို့ကားလေးကို သူရိန်မော်ကွန်းမောင်းဝင်လာသည်တွင် လက်မှနာရီဆီ တစ်ချက်ကြည့်ဖြစ်လိုက်သည်။

"မော်ကွန်း…နင့်အိမ်ကို ရောက်ခါနီးပြီလား…"

"အင်း လမ်းထဲဝင်လာပြီပဲ…။ရောက်ခါနီးပြီပေါ့။ဪ ဒါနဲ့ ချယ်ရီ နင်ထမင်းစားပြီးမှပြန်နော်။ငါလိုက်ပို့ပါ့မယ်…"

"အေးပေါ့ဟ။ငါလည်း စားပြီးမှပဲပြန်မှာပါ။"

"ဟော…ဟိုမှာ…"

ရှေ့မှ ထုံးစံအတိုင်း ကဘောက်တိကဘောက်ချာဖြင့် လမ်းလျှောက်နေသည့် ဝိုင်းလမင်းကိုတွေ့လိုက်ရ၍ သူရိန်မော်ကွန်းနှုတ်မှ လွှတ်ခနဲဆိုဖြစ်လိုက်ခြင်းပါ…။

"မော်ကွန်း…ဘာလဲဟ…"

"ဪ ဟိုရှေ့က ချာတိတ်လေးလေ…"

"ဘယ်သူလဲ…"

"ဝိုင်းလမင်းတဲ့။ကိုယ်တို့ခြံခေါင်းရင်းဘက်က။အဲ့ဒီချာတိတ်က တစ်ယောက်တည်းဗိုလ်ကျနေတာ…"

"မော်ကွန်းရယ်။နင်က ချာတိတ်လို့ခေါ်ရတာ သူ့အရွယ်ကိုလည်း ကြည့်ဦး…"

"သူ့အရွယ်က ဘာဖြစ်လို့လဲ…"

"ဟဲ့ သူ့အရွယ်က နင်နဲ့ဘယ်လောက်များကွာတာမှတ်လို့။သူကျောင်းနေလား။ဘယ်နှစ်တန်းလဲ…"

"နေတာပေါ့ကွ။ဆယ်တန်း…"

"ဒါဆို သူ့အသက်က အနည်းဆုံး ၁၅/၁၆ပဲ။နင်နဲ့ဆို အများဆုံး ၃/၄နှစ်ပဲကွာမယ်။အဲ့ဒါကို နင်ကပဲချာတိတ်ခေါ်သေးလား…။"

"ချယ်ရီရာ မင်းကလည်း ကပ်ကပ်သတ်သတ်လျှောက်တွေးရတယ်လို့…"

သူဆိုတော့ ချယ်ရီက ပြုံးမဲ့၍သူ့ကိုကြည့်သည်။သူတို့စကားဆိုဆဲ ဖြည်းဖြည်းနှင့်မှန်မှန်လေးမောင်းလာသည့် သူရိန်မော်ကွန်း၏ကားလေးက ဝိုင်းလမင်းအနီးရောက်လာ၏။

ဝိုင်းလမင်းကလည်း လက်တစ်ဘက်က ထုံးစံအတိုင်းချောကလက်ကိုင်ကာစားရင်း မိမိအနီးရောက်လာသည့်ကားလေးကို ကားပြတင်းမှ သူရိန်မော်ကွန်းထံပြုံး၍ငုံ့ကြည့်လာရင်းက…

"ဟာ…အစ်ကိုကိုး…။ကျွန်တော်က မေမေ့ကားလားလို့။အစ်ကို အခုမှပြန်လာတာလား…"

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Donde viven las historias. Descúbrelo ahora