Unicode
ဝိုင်းလမင်းတစ်ယောက် သူရိန်မော်ကွန်းထံတွင် တပည့်အဖြစ် ခံယူလိုက်ရပြီဖြစ်၏။ကျောင်းမဖွင့်ခင်အချိန်ဇယားကတော့ ယာယီအချိန်ဇယားဖြစ်သည်။ကျောင်းဖွင့်လျှင် ဝိုင်းလမင်း ကျူရှင်မှ ခြောက်နာရီတွင်ပြန်ရောက်သည်နှင့် ခုနစ်နာရီမှ ကိုးနာရီအထိ သူရိန်မော်ကွန်းတို့အိမ်တွင် စာကျက်ရမည်ဖြစ်သည်။
အောက်ထပ်ရှိအိမ်ရှေ့ဧည့်ခန်းတွင် စာကျက်နေကြသည့် သူရိန်မော်ကွန်းနှင့်ဝိုင်းလမင်းတို့အား ဒေါက်တာစိုင်းဝင်းဌေးနှင့် ဒေါက်တာမြမြမိုးတို့ညီအစ်မတွေအားလုံးက လှမ်းကြည့်ရင်း ပြုံးဖြစ်ကြသည်။
"ရီရေ…ကလေးတွေကို ကော်ဖီနဲ့မုန့်လုပ်ပေးပါဦးလား။ဒါမှမဟုတ် လက္ဖက်နဲ့ရေနွေးကြမ်းလေးဖြစ်ဖြစ်ပေါ့…"
"အေး ဟုတ်သားပဲ။ဒေါ်သောင်းကို သွားပြောလိုက်ဦးမယ်…"
"နေပါဦး…။ကလေးတွေက အအေးသောက်ချင်နေမလားမသိဘူး။မေးပါဦး…"
"ဒါလည်းဟုတ်တာပဲ…။သားရေ…ဘာပေးရမလဲ အပူလား အအေးလား…"
"နေပူတော့ အအေးပဲကောင်းတယ် ဒေါ်လေး။ဒီမှာ ဒီကလေးစုတ်ကိုပြောရတာ အာတွေခြောက်နေတာနဲ့အတော်ပဲ…"
"အစ်ကိုကလည်း စာသင်ပါတယ်ဆိုမှတော့ ဆရာဖြစ်သူက တပည့်ဖြစ်သူကို ရှင်းပြ၊လင်းပြ၊ပြောဆိုပြရတော့မှာပေါ့…"
"ဟုတ်ပါပြီ…ကျုပ်ပဲမှားပါတယ်…ဟွန်း…"
"ဟီး…ဒေါ်လေးရေ…အအေးတိုက်မယ်ဆိုရင်တော့ ကျေးဇူးပဲနော်…ဟီးဟီး…ဟဲဟဲ…"
စာကို ရေးကျက်လုပ်ရင်းမှ သူရိန်မော်ကွန်းထံတစ်လှည့် လူကြီးတွေထံတစ်လှည့်ကြည့်ပြီး ပြုံးလေးနှင့် ဝိုင်းလမင်းဆိုသည်။
"အစားအသောက်ဆိုရင် မျက်နှာလေးကို ဖြီးလို့…။ကဲပါကွာ စာလုပ်နေစမ်းပါ။အားနေရင် စာဖတ်နေတာက အကျိုးရှိတယ်။ဘေးလည်းကင်းတယ်။"
"အစ်ကိုကတော့လေ ဒါပဲပြောနေတာပဲ။သားကလည်း ဆံလံပါပဲနော်။အစ်ကိုက မာလကာပင်ပေါ်တက်ပါ ချီတင်ပေးပါ့မယ်လို့ဆိုရင်တောင် သားက ဆောတီးပါလို့ပြန်ပြောရမှာပဲ…"
YOU ARE READING
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romanceဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)