25 (Uni+Zaw)

6.9K 448 27
                                    

Unicode

🎼နေ့တိုင်းမင်းအကြောင်းတွေးမိနေသူ…
ညတိုင်းမင်းကြောင့် အိပ်မရခဲ့ဘူး…
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး…
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ဖြစ်တည်မှု…🎼

သူရိန်မော်ကွန်းတစ်ယောက် ရေချိုးခန်းထဲတွင် သီချင်းလေး တဟေးဟေးဖြင့် တက်ကြွလွန်းစွာ ရေချိုးနေသည်။
ယနေ့ဟာ တက္ကသိုလ် စဖွင့်သည့်ရက်ဖြစ်သည်။
ကလေးပေါက်လေးရဲ့ တက္ကသိုလ်လမ်းမပေါ် ပထမဆုံးခြေချမည့်ရက်လည်းဖြစ်သည်။
ကလေးပေါက်လေးအား မိမိကားဖြင့် အတူတူ ကျောင်းသွားကျောင်းပြန်လုပ်ရန်လည်း လောကွတ်ချော်ထားတာကြောင့် အတူရှိရမည့် အခိုက်အတန့်လေးတွေအတွက် ရင်ခုန်လွန်းစွာပျော်ရွှင်နေမိသည်။
တက္ကသိုလ်ရိပ်မြုံကြီးအတွင်းမှာ ကလေးပေါက်လေး တခြားသူကို စိတ်မဝင်စားမိစေဖို့တော့ မိမိ အတတ်နိုင်ဆုံး စောင့်ရှောက်ရဦးမည်ဖြစ်သည်။

××××××××××

🎼ယုံလား…ကိုကိုကလွဲလို့ ဘယ်သူ့မှ မချစ်နိုင်
ယုံရဲ့လား…ကိုကိုမုန်းလို့ သေဆုံးသွားနိုင်တယ်…
ကိုကိုရေ သိပ်ချစ်တယ်…
အစွဲကြီးစွဲမိပြီဗျာ…
ကျွန်တော်ဆိုတဲ့သီချင်းလေးထဲက အရဲစွန့်ပြောပြပါရစေ… 🎼

ဝိုင်းလမင်းတစ်ယောက် ခြံထဲက ဒန်းလေးပေါ်တွင်ထိုင်ကာ အစ်ကို အလာကိုစောင့်နေရင်း ဖုန်းလေးထဲက သီချင်းလေးအား versionပြောင်းပြီး လိုက်ညီးနေမိသည်။သီချင်းလေးကိုခံစားကြည့်ရင်း အစ်ကို့မျက်နှာချောချောလေးကို မြင်ယောင်လာမိတော့ သူ့အသွေးအသားတွေ ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ပူရှိန်းလာသည်။ပြီးတော့ ရှက်ကိုးရှက်ကန်းအပြုံးကလေးတစ်ခု သူ့မျက်နှာပေါ်တွင်ဖြစ်တည်လာရသည်။

အခုတလော ဘာပဲလုပ်လုပ် အစ်ကို့ကိုပဲ ဆက်စပ်သတိရနေမိသည်။ထမင်းစားရင်တောင်မှ အစ်ကိုရော စားပြီးပြီလား။ဘာဟင်းတွေနဲ့များစားသလဲ…။ထိုသို့သော အတွေးတွေက မဖိတ်ခေါ်ဘဲ ဝင်လာတတ်သည်။
ည အိပ်ရာဝင်ချိန်တိုင်းလည်း အစ်ကို့ရဲ့ Good Night အသံလေးကို ကြားရမှ အိပ်ပျော်တတ်တဲ့ အကျင့်လေးလည်း ဖြစ်နေခဲ့ပြီ။တစ်ခါတလေဆို လူကအိပ်ချင်နေပြီဖြစ်ပေမဲ့ နှလုံးသားက အစ်ကိုဖုန်းဆက်လာမဲ့အချိန်လေးကို စောင့်နေသလို အိပ်မပျော်ဖြစ်ခဲ့ရတဲ့နေ့တွေရှိသေးသည်။အစ်ကိုက ကျွန်တော့်နှလုံးသားအလိုလေးကို သိတယ်ထင်ရဲ့။ဖုန်းရပြီးကတည်းက အခုချိန်ထိ ညတိုင်း ဖုန်းခေါ်ပြီး Good Night ပြောဖို့ကို မပျက်ကွက်ခဲ့ဘူး။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now