Unicode
"အစ်ကိုရေ…သား လာပြီ…"
"အင်း လာပါ။မောင်မင်းကြီးသားလေးရယ်။"
"အစ်ကိုကလည်း မောင်မင်းကြီးသားတဲ့။ဒါနဲ့ ဒေါ်လေးတို့ရော…။ဆေးရုံက ပြန်မရောက်ကြသေးဘူးလား…"
"ပြန်မရောက်ကြသေးဘူး။ချယ်ရီတို့အိမ်ဝင်မလို့တဲ့…"
"ဟုတ်လား…။နှစ်ယောက်စလုံးပဲလား အစ်ကို…"
"အင်း…"
အင်းချရင်း သတင်းစာတစ်စောင်အား သူကောက်ဖတ်လိုက်သည်။ဝိုင်းလမင်းသည်လည်း စာအုပ်တွေလှန်နေရင်းမှပင် ဒေါ်လေးတို့ညီအစ်မနှစ်ယောက် မမချယ်ရီတို့အိမ်သွားကြခြင်းအပေါ် အတွေးများနေခဲ့ရသည်။
အစ်ကိုနဲ့မမချယ်ရီတို့က ဘယ်လိုပတ်သက်မှုမျိုးလဲ။သူတို့က သိပ်ရင်းနှီးကြတာတော့ အမှန်ပါ။ဒေါ်လေးတို့က မမချယ်ရီတို့အိမ်ကို ဘာကြောင့်သွားကြတာပါလိမ့်။မဟုတ်မှလွဲရော…အစ်ကိုနဲ့မမချယ်ရီတို့ကို နှစ်ဘက်လူကြီးတွေက သဘောတူထားကြတာများလား…။အို…ငါ ရုပ်ရှင်ကြည့်တာတွေများနေပြီထင်တယ်။
"ဟေ့ ကလေးငယ်…"
"ဟင်…ဗျာ ဗျာ အစ်ကို…"
"ဘာတွေများ ဒီလောက်တောင်တွေးနေတာလဲ…"
"ဗျာ…မတွေးပါဘူး အစ်ကိုရဲ့။
အင်း…ဘာလိုလိုနဲ့ အစ်ကိုတောင် ကျောင်းပြီးတော့မယ်နော်…""အင်း…"
"အစ်ကို…"
"ပြောလေ ကလေးပေါက်လေးရဲ့…"
"တစ်ခုလောက် မေးလို့ရမလားဟင်…"
"အင်း မေးလေ…"
"အစ်ကို ဟောက်စ်ဆင်းပြီးရင် ဘာဆက်လုပ်မလဲဟင်…"
"ကျရာဒေသကိုသွားရမှာပေါ့…"
"ပြီးရင်ရော…"
"ဆေးဝါးလိုအပ်ချက်တွေရှိတဲ့ ဒေသတွေဆီကို ပရဟိတဆရာဝန်သွားလုပ်ပေးချင်တယ်။ကုသိုလ်လည်းရ အတွေ့အကြုံတွေ၊ဗဟုသုတတွေလည်းရပေါ့…"
"ဪ…"
"ဒါနဲ့ ကလေးပေါက်လေးကရော ဆရာဝန်ဖြစ်ရင် ဘယ်လိုရည်ရွယ်ထားလဲ…"
YOU ARE READING
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romanceဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)