23 (Uni+Zaw)

6.8K 498 21
                                    

Unicode

"တီ…တီ တီ…တီ…"

ဆိုင်ကယ်ဟွန်းတီးသံကြား၍ အသေးလေးတစ်ယောက် အိမ်ထဲမှ အမြန်ပြေးထွက်ခဲ့ရသည်။
ခြံရှေ့ရောက်မှ သူရိန်မော်ကွန်းဖြစ်ကြောင်း သိလိုက်ရတော့ ခြံတံခါးကိုသာ ဖွင့်ပေးလိုက်တော့သည်။

ဆင်ဝင်အောက်တွင် ဆိုင်ကယ်ရပ်လိုက်ပြီး ဦးထုပ်ကိုချွတ်ကာ ဆိုင်ကယ်ပေါ်တွင် ချိတ်ထားလိုက်သည်။အိမ်ထဲလှမ်းကြည့်လိုက်တော့လည်း အကောင်ပေါက်အား မတွေ့ရပါ။ ဆင်ဝင်အောက်သို့ အသေးလေးရောက်လာချိန်မှ အကောင်ပေါက်လေးအကြောင်း မေးလိုက်ရတော့သည်။

"ကလေးငယ် ရှိတယ်မဟုတ်လားဗျ။"

"ရှန်…"

"ဪ ဝိုင်းလမင်းကိုပြောတာပါ…"

"ဪ ဟုတ် ဝိုင်းလေးက မနိုးသေးပါဘူးရှင့်…"

"ဟင်…ဒီကလေးပေါက်ကတော့…"

သူရိန်မော်ကွန်း အိမ်ထဲတန်းဝင်သွားလိုက်တော့သည်။

"ဪ မောင်သူရိန်…
သားလေးဆီလာတာလား…"

"ဪ ဟုတ်ကဲ့ဗျ အန်တီ။ဒီနေ့ သူ့ကို အပြင်ခေါ်သွားချင်လို့ပါ။ခွင့်ရမလားဗျ အန်တီ…"

"ဪ အေး အေး…ရပါတယ်ကွယ်။ဒါနဲ့ သားလေးက အခုထိ မနိုးသေးဘူးထင်တယ်။"

"ဒါဆို ကျွန်တော်သွားနှိုးပေးလို့ရောရလားဗျ"

"ဪ အေး… ရ  ရပါတယ်ကွယ်။"

သူရိန်မော်ကွန်းတစ်ယောက် ဒေါ်တင်တင်ဝင်းအား ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် အပေါ်ထပ်သို့တက်လာခဲ့လိုက်တော့သည်။
လှေကားဘေးက ကာတွန်း စတစ်ကာလေးတွေကပ်ထားသည့်အခန်းဟာ ကလေးပေါက်လေး၏ အခန်းဖြစ်ဟန်ပေါ်သည်။
ကလေးပေါက်လေး၏ အိပ်နေသောပုံစံလေးအား မိမိတွေ့ချင်နေပြီလည်းဖြစ်သည်။
ခုန်နေသောနှလုံးသားလေးအားထိန်းချုပ်ထားရင်း အခန်းတံခါးအားဖွင့်လိုက်သည်။

အကောင်ပေါက်ကလေးက စောင်ပုံကြားထဲမှာနစ်မြုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာဖြစ်သည်။အိပ်ယာအနားသို့တိုးကပ်သွားပြီး ကလေးပေါက်လေး၏ ကြည်စင်သောမျက်နှာလေးအားငုံ့ကြည့်ဖြစ်တော့ နှုတ်ခမ်းဖူးဖူးစိုစိုရဲရဲကလေးတွေက မိမိရင်အစုံအားရူးခါသွားစေနိုင်လောက်အောင်ပြုစားရက်နိုင်လွန်းသည်။
ကလေးပေါက်ကလေး၏ မျက်ခုံးမွေးစိတ်စိတ်ကလေးတွေ၊မျက်တောင်ကော့ကော့ကလေးတွေ၊နှာတံစင်းစင်းကလေးနှင့်နုနုညံ့ညံ့ပါးပြင်မို့မို့ကလေးတွေအား မြတ်နိုးမဆုံးဖြစ်ရပါသည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now