22 (Uni+Zaw)

7.5K 541 17
                                    

Unicode

"ကရင်း ကရင်း ရင်း…"

"ဟော သားလေးဆီက ဖုန်းဆက်ပြီ…"

နံနက်စောစော ဘုရားဆွမ်းတော်တင်ပြီး ဘုရားရှိခိုးနေသည့် ဒေါ်တင်တင်ဝင်းတစ်ယောက် အပြင်ဘက်မှ ဖုန်းမြည်သံလေးကြားသည်နှင့် စိတ်တွေလှုပ်ရှားကာ ရေရွတ်ရင်း ဘုရားရှိခိုးနေရာမှ ထပြေးပြီး ဖုန်းလေးကို သွားရောက်နားထောင်ဖြစ်ရပါ၏။

"ဟဲလို…သား သားလေး ဘယ်လိုလဲ ပြော‌ ပြောစမ်းပါ မေမေ့ကို…"

"မေမေ မေမေ…။တအားဝမ်းသားတာပဲ။သားလေ သား…မေမေ ကြားလား…"

"ကြားတယ် ကြားတယ်။သားငယ် မြန်မြန်ပြောပါကွယ်။မေမေရင်တွေခုန်လွန်းလို့ပါ။ဘယ်လိုလဲ အောင်တယ်မို့လား…"

"မေမေရေ…အောင်တာမှ ဟိုဘက်ဆယ်ဘူတာတောင်လွန်သေးတယ်။မေမေ့သားကလေ အောဒီ အောဒီနဲ့ကိုအောင်တာ မေမေရဲ့။မေမေ့သား ဆေးကျောင်းတက်ရတော့မယ်။"

"အမလေး ဝမ်းသားလိုက်တာ သားလေးရယ်။မေမေ ဝမ်းသာလိုက်တာ အီး ဟီး ရွှတ်…"

"ဟာ မေမေ…ဝမ်းသာတယ်လည်းပြောသေး ဘာလို့ ငိုနေရတာလဲ…"

"ဝမ်းသာလွန်းလို့ပါ သားငယ်ရယ်။မေမေ့သားလေးအတွက် မေမေဂုဏ်ယူလွန်းလို့ပါ…"

"မေမေရေ…မေမေပဲဝမ်းသာမနေနဲ့ဦး။ဟိုဘက်အိမ်ကိုဖုန်းဆက်ပေးဦး။အစ်ကိုလည်း သိချင်နေတော့မယ်…"

"အေးပါ အေးပါ။မေမေ ခုပဲ ဖုန်းဆက်လိုက်မယ်။မိုးတောင်မလင်းသေးတော့ ဖုန်းဆက်ရမှာ အားနာစရာ သားရယ်…"

"အင်း ဟုတ်သားပဲ။ဒါဆိုလည်း မေမေ မိုးနည်းနည်းလင်းမှပဲ ဆက်လိုက်နော်…"

"အေးအေး သားကရော ပြန်မလာသေးဘူးလား…"

"ပြန်လာမှာပါ။သူငယ်ချင်းတွေကို ခဏစောင့်ကြည့်ပြီး အောင်စာရင်းလေးနည်းနည်းကူးလိုက်ဦးမယ်။ဒါပဲနော် မေမေ…"

စကားအဆုံး ဝိုင်းလမင်းတစ်ယောက် ဖုန်းကိုပိတ်လိုက်သည်။လူတွေလည်းများ…။မှောင်ကလည်းမှောင်သေးတာမို့ ဝိုင်းလမင်းသည် မိမိအား ဘောင်းဘီအိတ်ထဲလက်နှိုက်ကာလှမ်းကြည့်နေသည့် သူရိန်မော်ကွန်းအား မမြင်…။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Hikayelerin yaşadığı yer. Şimdi keşfedin