19 (Uni+Zaw)

6.9K 535 18
                                    

Unicode

"မော်ကွန်း…စာမေးပွဲပြီးရင် နင် တောင်ကြီးပြန်မှာလား…"

"အေး ပြန်မှာ။နင်ကော…"

"အဖော်ရှိရင် ငါလည်းပြန်မလို့။အခုတော့ အတော်ပဲပေါ့။နင်က ဘယ်ရက်လောက်ပြန်မှာလဲ…"

"စာမေးပွဲပြီးတာနဲ့ နောက်တစ်ရက်ပြန်မယ်။နင်လိုက်မှာဆိုရင်တော့ အသင့်လုပ်ထားတော့…"

"အေးပါ။
ဪ ဒါနဲ့ နင့်မိဘတွေ ငါ့ဆီလာတုန်းက ဝိုင်းလမင်းလေးအကြောင်း သိပ်ပြောတာပဲနော်။အင်း…ဝိုင်းလမင်းလေးကလည်း တကယ် ချစ်စရာကောင်းတာကိုး…"

သူရိန်မော်ကွန်းတစ်ချက်ပြုံးဖြစ်လိုက်သည်။
အကောင်ပေါက်လေးအကြောင်း တစ်ခုခုကြားရလျှင်ကိုပဲ သူစိတ်ထဲ ချမ်းမြေ့နေတတ်သလိုရှိသည်။

"အဲ့တာတော့ဟုတ်တယ်။ပေါက်စက အတော်ချစ်စရာကောင်းတာတော့အမှန်ပဲ။ဘယ်လိုလေးမှန်းမသိဘူး။အသည်းယားဖို့လည်းကောင်းတယ်။
အို ဒါပေမဲ့ သိပ်ဆော့တဲ့အကောင်ပေါက်လေးပါဟာ။မျောက်ရှုံးတယ်။တစ်ခါတလေ ခြံထဲမှာ ကစားရင်း ပါးစပ်ကလည်း ဘာတွေလျှောက်ပြီး အော်ဟစ်နေလဲမသိဘူး။တကယ့် အရူးလေး…"

"အံမယ်…အဲဒီအရူးလေးကိုပဲ နင့်ရင်ထဲကြိတ်ခိုက်နေတာမဟုတ်လား…"ဟု ချယ်ရီမေးလိုက်ချင်သော်လည်း ချယ်ရီ့နှုတ်ကပြောမထွက်ဘဲ ရင်ထဲတွင်တာ တင်ကျန်နေခဲ့ရသည်။

"ဒါတော့ သူက ခုထိ ကလေးစိတ်လေးပဲ ရှိသေးလို့ပါဟာ…"

မော်ကွန်းမျက်နှာလေး ပြုံးရိပ်သန်းသည်။
ချယ်ရီကျေနပ်ပါသည်။မော်ကွန်း ပြုံးပျော်နေတာကို မြင်ရရင် ချယ်ရီကျေနပ်ပါသည်။ဒါကို သူငယ်ချင်းမို့ဆိုတဲ့ ဘောင်အတွင်းမှာလည်း ပိတ်လှောင်မထားချင်တော့ပါ။

တကယ်တော့ ချယ်ရီ့အနေနဲ့ကလည်း သူရိန်မော်ကွန်းအား ငယ်စဉ်ကတည်းက သံယောဇဉ်ကြီးလာခဲ့ရသူမဟုတ်ပါလား…။
သံယောဇဉ်ကြီးလွန်း၍ပင် သူများနှင့်မတူအောင် ဘယ်သူမှ ရွေးပြီးမခေါ်ဖူးသည့် "မော်ကွန်း"ဆိုသည့် နာမ်စားလေးအား သူရွေးခေါ်ဖြစ်ခဲ့သည်။သူများတွေက "ကိုသူရိန်မော်ကွန်း" "ကိုသူရိန်" စသည်ဖြင့် ခေါ်နေချိန်များ၌ မော်ကွန်းဆိုသော နာမလေးအား တစ်ဦးတည်းအပိုင်ခေါ်ရခြင်းအပေါ် ချယ်ရီ သိပ်စိတ်လှုပ်ရှားမိခဲ့သည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now