8 (Uni+Zaw)

9K 685 9
                                    

Unicode

ပထမအစမ်းစာမေးပွဲ မကြာခင်ဖြေရတော့မည်ဟူသောအတွေးနှင့် ဝိုင်းလမင်းတစ်ယောက် ကျူရှင်မှခပ်သွက်သွက်ကလေးပြန်လာခဲ့၏။
ခုကတည်းက စာကိုအကောင်းဆုံးနှင့်မှန်မှန်ကျက်သွားရမည်ဟူသောအတွေးတွေလည်း ဝိုင်းလမင်းတွင်ရှိပါသည်။

"အို ဒုက္ခပါပဲ။
လမ်းထဲရောက်မှ မိုးကလည်းရွာရတယ်လို့။ထီးလည်းမပါဘူး။"

အတွေးနှင့်လမ်းလျှောက်လာသည့်ဝိုင်းလမင်းမှာ ဝုန်းခနဲမိုးရွာချလာ၍ သူများခြံရှေ့မှနီးရာသစ်ပင်တစ်ပင်တွင်မိုးဝင်ခိုနေလိုက်ရသည်။

"အို မိုးကသည်းတောင်လာပါသေးလား။စာအုပ်တွေမစိုဖို့က အရေးကြီးတယ်။"

ဖွဲရာမှသည်းလာသည့်မိုးကြောင့် ဝိုင်းလမင်းတစ်ကိုယ်လုံးစိုရွှဲစပြုလာ၏။

"ငါ့အိမ်နဲ့လှမ်းတော့လှမ်းသေးတယ်။
စိုနေမှတော့ မထူးပါဘူး။ပြေးသွားရင်ကောင်းမလား။"

စိတ်ကူးနှင့်အတူလွယ်အိတ်ကလေးအားရင်ဝယ်ပိုက်၍ ဝိုင်းလမင်းသည် သစ်ပင်အောက်မှ ပြေးထွက်သွားတော့မည်အပြု…

"တီး တီး တီး…"

"ဟင် ဒါ အစ်ကို့ကားပဲ…"

သစ်ပင်အောက်မှပြေးထွက်မည်အပြု နောက်ဘက်မှ ကားဟွန်းသံကိုကြားလိုက်ရသည်တွင် မှတ်မိလိုက်သောကားဟွန်းသံကြောင့် ဝိုင်းလမင်းပျော်သွားရင်း လှည့်ကြည့်သည်။

"ဘာကြည့်နေတာလဲ။မြန်မြန်လာလေ…။မိုးတွေက တစ်ကိုယ်လုံးစိုနေပြီ…"

"ဟုတ် ဟုတ်ကဲ့…"

သူရိန်မော်ကွန်းအော်လိုက်မှ ဝိုင်းလမင်း ကားပေါ် ပြေးတက်ဖြစ်သွားသည်။

"ရော့ သုတ်လိုက်။တစ်ကိုယ်လုံးစိုကုန်ပြီ။ဒုက္ခပါပဲ။ဖျားတော့မှာပဲ ဒီကလေးတော့…"

ဆိုရင်း ဝိုင်းလမင်းထံ သူရိန်မော်ကွန်း လက်ကိုင်ပုဝါလေးပေးတော့ ဝိုင်းလမင်းမှာ အားနာနာနှင့်ပင်သုတ်လိုက်ရ၏။

"အစ်ကို့လက်ကိုင်ပုဝါတော့ စိုပြီ…"

"စိုပါစေပေါ့…စာမေးပွဲကနီးနေပြီဆိုတာရော သိရဲ့လား ကလေးစုတ်ရဲ့။မိုးမိပြီးဖျားနေဦးမယ်။ထီးရောမပါဘူးလား…"

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now