24 (Uni+Zaw)

7.1K 491 19
                                    

Unicode

"ရီ...ငါ နင့်ကိုပြောစရာရှိတယ်..."

"အေး ငါလည်းပဲ နင့်ကိုပြောစရာရှိတယ် ဆင့်။နင်ပြောမှာက တို့တူအကြောင်းလား..."

"အေး ဟုတ်တယ် ရီ။နင်ကော ဘယ်လိုတွေးမိလဲ။ငါကတော့ အဲဒီသတင်းကြားလိုက်ကတည်းက တွေးတာ တွေးတာ၊ ခုထိကို တွေးမိနေတုန်းပဲ..."

"ဘာသတင်းလဲ..."

"ဟဲ့ ငါတို့တူလေ...။မနေ့က မနက်စောစောကြီးထပြီး ဆယ်တန်းအောင်စာရင်းသွားကြည့်တာလေ..."

"အေး ဟုတ်တယ်။ငါ့ခေါင်းထဲလည်း အဲဒီအတွေးပဲရှိနေတာ။ငါစဉ်းစားမိတယ် ဆင့်ရယ်။ငါတို့သားက ဝိုင်းလမင်းလေးကိုများ..."

"နင့်လိုပဲ ငါလည်းတွေးနေမိတာပါပဲ ရီရယ်။ငါကတော့ လျှောက်တွေးနေတာတွေမျနေပြီ။ဟိုတစ်ခါ အခန်းထဲမှာ သူတို့နှစ်ယောက်ကို မမိုးတို့လင်မယားတွေ့သွားတဲ့အဖြစ်၊စေ့စပ်ပွဲသွားမဲ့ဆဲဆဲ သူ့အဝတ်အစားတွေ ပေသွားတာတွေ၊ပြီးတော့ ဝိုင်းလမင်းလေးကို စာသင်ပေးနေတာတွေ...၊ဟော ဒီနေ့လည်း နှစ်ယောက်အတူတူ အပြင်လျှောက်လည်နေပြန်တယ်လေ...။"

"ဟဲ့ တို့သားငယ်လေးကတော့ တကယ့်ကလေးစိတ်လေးနော်။သူ့မျက်နှာလေးကိုကြည့်... ရှင်းနေတာပဲ...။ဘာအရောင်မှ မတွေ့ရဘူး...။"

"ဟုတ်ပါတယ်။ငါလည်း အဲဒါသိပါတယ်။တို့တူကိုကြည့်ရတာလည်း အေးအေးဆေးဆေးပါပဲ။သူ့မျက်နှာက ဝိုင်းလမင်းလေးနဲ့ပတ်သက်ရင် ပြုံးပျော်နေတာကိုက တစ်မျိုးတစ်ဘာသာဖြစ်နေတယ်လို့ ထင်နေရတယ် မဟုတ်လား...။သူ့အပြုအမူတွေက သိသာပါတယ်အေ..."

"အင်း...သူ့ပါးစပ်ကပြောလိုက်ရင်တော့ ဝိုင်းလမင်းလေးကို စိတ်မဝင်စားတဲ့ပုံနဲ့...။
သူ့ပုံစံက ထင်ထင်ပေါ်ပေါ် သိသိသာသာကြီးမဟုတ်ပေမဲ့ သိနေရတယ်လို့ပဲပြောရမယ်...ဟုတ်တယ်နော် ဆင့်..."

"အင်း...
ဒါနဲ့ နင်က ဘယ်လိုသဘောရလဲ..."

"ဘာကိုလဲ ဆင့်ရဲ့..."

"ဪ သားတို့နှစ်ယောက်ကိုပေါ့..."

"ရီကတော့ သားလေးတို့နှစ်ယောက်ကို သဘောကျတယ်။ဝိုင်းလမင်းလေးကလည်း တို့တူ၊တို့သားလေးလိုဖြစ်နေပြီမဟုတ်လား။လိမ္မာရေးကြားလည်းရှိ၊လူကြီးသူမအပေါ်လည်း သိတတ်တဲ့ ကလေးလေးနဲ့...တို့ကတော့ ဘာမှ ကန့်ကွက်စရာမရှိဘူး..."

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now