6 (Uni+Zaw)

10K 743 19
                                    

Unicode


ညနေခင်း ပုံမှန်လို ခြောက်နာရီခွဲအချိန်တွင် ဒေါ်တင်တင်ဝင်းတစ်ယောက်ပြန်လာသည်နှင့် အသေးလေးကထွက်ကြိုသည်။

"အသေးလေး သားရော အပေါ်ထပ်မှာလား။"

ကားပေါ်မှဆင်းသည်နှင့် မိခင်တို့၏ထုံးစံအတိုင်း ချစ်သားလေးအားမေးဖြစ်သည်။

"ရှိပါတယ် ဒေါ်လေး။
စောစောကပဲ အပေါ်ထပ်ကဆင်းလာပြီး အိမ်နောက်ဘက်ဝင်သွားသေးတယ်။"

သားချောလေးက အိမ်နောက်ဘက်ဝင်သွားသည်ဆိုသဖြင့် ထမင်းဆာ၍များ စားနှင့်နေပြီလားဟူသောအတွေးနှင့် ဒေါ်တင်တင်ဝင်းသည် အသေးလေးအား ဆွဲခြင်းကိုပေးလိုက်ပြီး အိတ်တစ်လုံးနှင့် စလင်းဘက်ကြီးတစ်လုံးဆွဲကာ ထမင်းစားခန်းထဲ လှမ်းဝင်သွားသည်။

"သားလေးရေ...ဝိုင်းလမင်း...မေမေပြန်လာပြီ။သား ထမင်းစားနေတာလား..."

မေးသံနှင့်အတူ ဒေါ်တင်တင်ဝင်း ထမင်းစားခန်းထဲဝင်လိုက်သည်တွင် ချစ်သားလေးကမရှိပါ။ထမင်းစားပွဲပြင်ဆင်ရန် သန့်ရှင်းရေးလုပ်နေသည့် ‌ဒေါ်စူးက...

"မမ...ဝိုင်းလေးက ရေအိမ်ဝင်နေတာပါ..."

"ဪ၊ဟင်...အပေါ်ထပ်က ခုပဲဆင်းလာတယ်ဆိုပြီး ဘာဖြစ်လို့ အောက်ထပ်ကရေအိမ်ကိုဝင်ရတာလဲ။သူ့အခန်းထဲမှာလည်း ရေအိမ်ရှိတာပဲကို..."

ဆိုမေးရင်း ဒေါ်တင်တင်ဝင်းမှာ သားအတွက်စိုးရိန်သွားသလိုရှိရင်း ရေအိမ်ဘက်သို့လှမ်းခဲ့ရင်းက...

"သားရေ...ဝိုင်းလမင်း..."

"အား...ကျွတ် ကျွတ် ကျွတ်..."

ရေအိမ်ထဲမှ သားဖြစ်သူ၏ ညီးတွားသံကို ကြားလိုက်ရ၍ ဒေါ်တင်တင်ဝင်းမှာ ပို၍စိုးရိန်ဟန်ဖြင့် မျက်မှောင်တွန့်သွားရရင်း...

"သား...သားလေး...ဝိုင်းလေး...ဝိုင်းလမင်းရေ...သား ဘာဖြစ်နေလဲ..."

"အား...ကျွတ် ကျွတ်...မေမေ သား မနေနိုင်တော့ဘူး..."

"ဟင် ဘာများဖြစ်လို့လဲသားရယ်..."

ဒေါ်တင်တင်ဝင်းတစ်ယောက် အတော်စိတ်ပူနေပြီဖြစ်သည်။မေးရင်း ဆိုရင်း ရေအိမ်အနားသို့ရောက်ရှိသွားပြီလည်းဖြစ်သည်။ချစ်သားလေး ထွက်မလာမချင်း တံခါးအနီးတွင် ရပ်စောင့်နေတော့မည်လည်းဖြစ်သည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now