12 (Uni+Zaw)

7.9K 568 0
                                    

Unicode

လေဆိပ်မှ မိဘတွေကိုကြိုခဲ့ပြီး သူရိန်မော်ကွန်းမောင်းလာသော ကားလေးသည် အိမ်သို့ရောက်လာခဲ့လေ၏။

"ဟင် ဒေါက်တာကိုကိုရဲ့ကား…။ကားထဲမှာ လူတွေလည်းပါသေးတယ်။ဘယ်ကလဲမသိဘူး။ဘယ်သူတွေလဲမသိဘူး…။"

ထုံးစံအတိုင်း အိမ်မှာရှိနေလျှင် သူရိန်မော်ကွန်၏အသွားအလာနှင့်အဝင်အထွက်တွေကို သီရိတစ်ယောက် စောင့်ကြည့်နေတတ်သည်ကအမောပါ။
ခုလည်း သူရိန်မော်ကွန်းတစ်ယောက် မိဘတွေကြိုပြီးပြန်လာသည်ကိုတွေ့သည်တွင် သီရိတစ်ယောက် စိတ်ဝင်စားနေဖြစ်၏။

ထိုအတူပင် သင်းသင်းနှင့်မခိုင်တို့ညီအစ်မတိုက်တွင်လည်း သူရိန်မော်ကွန်းကိုတွေ့လိုက်ကြ၍ စိတ်ဝင်စားနေဖြစ်ကြသည်ပါ။

သင်းသင်းက ခြံထဲတွင်ရှ်ိပြီး သူရိန်မော်ကွန်း၏ကားလေး ခြံထဲဝင်သွားသည်အထိ လိုက်၍ကြည့်သည်။

မိခိုင်ကလည်း သူမအိပ်ခန်းတွင်းမှ ပြတင်းပေါက်အနီးတွင်ရပ်ကာ တစ်ဘက်ခြံမှ ဆင်ဝင်အောက်တွင်ရပ်တော့မည့် သူရိန်မော်ကွန်း၏ကားလေးဆီသို့သာ မျက်တောင်မခတ်လှမ်းကြည့်နေဖြစ်လေ၏။

"တီး တီး…"

အိမ်ထဲမှ အဒေါ်တွေကြားအောင် သူရိန်မော်ကွန်းသည် ဟွန်းတီးပြီး ဆင်ဝင်အောက်၌ ကားလေးအား ညင်သာစွာထိုးရပ်လိုက်၏။

"ရောက်လာကြပြီလား။လာ လာ…ရီတို့လည်း စောင့်နေတာ။လာတာနဲ့ ထမင်းလက်ဆုံစားကြဖို့လည်း အသင့်ပြင်ထားတယ်…။"

ဒေါက်တာအပျိုကြီးနှစ်ယောက်ကဆိုရင်း ထွက်ကြိုကြသည်။အိမ်ထဲမှ အလုပ်သမားတွေကလည်း အလိုက်တသိထွက်လာကြပြီး ဒေါက်တာဦးစိုင်းဝင်းဌေးနှင့်ဒေါက်တာဒေါ်မြမြမိုးတို့၏ပစ္စည်းတွေကို ကားထဲမှသယ်ထုတ်ကြပြီး အိပ်ခန်းဆီသို့သယ်သွားကြ၏။

"ဘယ်လိုဖြစ်တာလဲ။ကားနဲ့လာမယ်ထင်နေတာ…"

"ဟုတ်တယ်။ကားနဲ့လာကြမလို့ပဲ။လေယာဉ်လက်မှတ်ဝယ်ကြည့်တော့ အလွယ်တကူရတာ‌နဲ့ လေယာဉ်နဲ့ပဲလာဖြစ်သွားတာ…"

"ဪ ကဲ လာ လာ။ထိုင်ကြဦး။အနားယူကြဦး။ပြီးရင် ထမင်းစားကြတာပေါ့…။"

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now