Unicode
"တီး တီး…"
ဟွန်းသံလေးနှင့်အတူ ခြံထဲမောင်းဝင်လာသည့် ကားလေးကို မြင်တွေ့လိုက်ရ၍ သူရိန်မော်ကွန်းသည် အံ့ဩရင်း ထိုင်ရာမှထကာ ဆင်ဝင်အောက်သို့ ရောက်ခဲ့ရလေ၏။
"ဖေဖေ…မေမေ…မန္တလေးကိုလာကြတယ် ဟုတ်လား။ဘာကိစ္စရှိလို့လဲဟင်…"
"ဟောတော်…သားလည်းရောက်နေပါလား။ဘယ်တုန်းကရောက်တာလဲသား။ဘာကိစ္စနဲ့လဲ…"
"ဟို…ကျွန်တော်က ဆေးရုံအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေ လာဝယ်တာပါ။"
သားအမိတွေ ကိုယ်စီဟန်လုပ်ရင်း စကားတွေဆိုကာ ဧည့်ခန်းထဲသို့ ရောက်လာကြသည်။
"မေမေတို့ကတော့ ဝိုင်းလမင်းလေးရဲ့စေ့စပ်ပွဲအတွက် လာတာပါသားရယ်။ဒါနဲ့ သားရော ဝိုင်းလမင်းလေးနဲ့တွေ့ဖြစ်ကြသေးလား…"
"မတွေ့ကြသေးပါဘူး မေမေ။ကျွန်တော်ရောက်နေတာတောင် သူသိချင်မှသိမှာ…"
"ဪ သားက သွားလည်ပေါ့ကွယ်။ဒါမှမဟုတ်လည်း ဖုန်းဆက်လိုက်ရောပေါ့…"
"ရပါတယ်မေမေရယ်။အရေးတကြီးကိစ္စတွေမှ မရှိတာ။မတွေ့လည်းဖြစ်ပါတယ်။"
"ဒါနဲ့ သား ဟိုမှာနေရတာ အဆင်ပြေလား…"
"ဟုတ်ကဲ့ ပြေပါတယ် ဖေဖေ။ခုဆိုရင် ကျွန်တော်နဲ့ အဖော်လာနေတဲ့ ကိုမန်းကြောင့် ပိုပြီးအဆင်ပြေပါတယ်။ဆတ်သားနဲ့တောဝက်သားလည်း မကြာခဏစားရတယ်။ကိုမန်းက အမဲလိုက်လည်း ကျွမ်းတယ် ဖေဖေရ…"
စကားတွေပြောရင်း ဇနီးမောင်နှံနှစ်ယောက်မှာ သားချောအား မသိမသာအကဲခတ်နေဖြစ်ကြ၏။သားချော၏အသွင်က ရင်ထဲခံစားမှုမရှိသလို ပေါ့ပါးလန်းဆန်းနေသည် မဟုတ်ပါလား။
"အေး အေး ငါ့သားအဆင်ပြေရင် ပြီးတာပါပဲကွာ…"
"ကဲ ဖေကြီးရေ…ရေမိုးချိုးလိုက်ဦး၊ပြီးရင် မိုးတို့အပြင်ပြန်ထွက်ကြရအောင်။ကိစ္စလေးတွေရှိတာလည်း အချိန်ရတုန်းလုပ်ထားကြတာပေါ့…"
ဇနီးသည်ဆိုတော့ ဒေါက်တာစိုင်းဝင်းဌေးမှာလည်း ဇနီးသည်နှင့်အတူ ခရီးဆောင်သေတ္တာကိုဆွဲယူကာ အပေါ်ထပ်သို့ ဆက်သွားလိုက်ကြလေ၏။မိဘများအပေါ်တက်သွားတော့ ဧည့်ခန်းကြီးထဲတွင် ငုတ်တုတ်ထိုင်ကာ တစ်ကိုယ်တည်းငေါင်ကျန်ရစ်ခဲ့သည်က သူရိန်မော်ကွန်းရယ်ပါ။
CZYTASZ
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romansဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)