20 (Uni+Zaw)

7.8K 564 34
                                    

Unicode

တစ်ရက် တစ်ရက်နှင့် သည်နေ့တွင်ဖြင့် သူရိန်မော်ကွန်းတို့ စာမေးပွဲပြီးသွားခဲ့ပြီဖြစ်သည်။
သူရိန်မော်ကွန်းသည် အတွေးတစ်ခု၊ အပြုံးတစ်ခုဖြင့် အိမ်ပြန်ဖို့ကို လောနေဖြစ်၏။

"မော်ကွန်း…နေဦးလေ…"

"ဆို…။ဘာကိစ္စလဲ…"

"အ‌မလေး ဖြစ်နေလိုက်တာ တကယ်တည်း။စကားလေး ဘာလေးတောင် မပြောရတော့ဘူးလား…"

"ပြောပါဟာ နင်ကလည်း။မနက်ဖြန် တောင်ကြီးပြန်မှာနော်။နင်လိုက်မှာဆို အသင့်ပြင်ထား။ညကျရင် ဖုန်းဆက်…"

"အေးပါ။ငါက အခု ဈေးသွားဝယ်မလို့…။နင်ရော…"

"မဝယ်တော့ဘူး။ဒေါ်လေးတို့စီစဉ်ထားပေးမယ်ထင်တယ်။ကဲ ငါသွားတော့မယ်။နင်လည်း သွားစရာရှိတာ သွားတော့…"

စကားကို ဆုံးအောင်မပြောနိုင်ဘဲ သူရိန်မော်ကွန်းတစ်ယောက် ကားပေါ်တက်ကာ စက်နှိုးတော့ ချယ်ရီမှာ မျက်စောင်းလေးခပ်ဖွဖွထိုးကြည့်ရင်း…

"ဘာဖြစ်နေလို့ ဒီလောက်လောနေရတာလဲ။နင့်ဖင်ကို ကျားလိုက်ဆွဲနေလို့လား…"

"ငါ ရေလောင်းစရာရှိလို့ပါဟာ…"

"ဟင်…ဘာကို ရေလောင်းမှာလဲ…"

"ဝိုင်းလမင်းကိုလေ…။ချာတိတ်နဲ့ငါ ဒီနေ့ ရေကစားဖို့ချိန်းထားတယ်…"

"ဪ…"

စကားအဆုံး၌ သူရိန်မော်ကွန်း၏ကားလေး မောင်းထွက်သွားပြီဖြစ်၏။ချယ်ရီသာ သူရိန်မော်ကွန်းကားလေး မောင်းထွက်သွားရာဆီ လှမ်းကြည့်ရင်း…

"မော်ကွန်း…မော်ကွန်း…ဝိုင်းလမင်းလေးကို အတော်ဖြစ်နေတာပဲ။သူသိပ်ပျော်နေတာ။အင်း ငါတို့လို အစစ်မတွေကတော့ ရှရာ ပလပွနဲ့ပါပဲဟယ်…။"

ချယ်ရီ့မှာ ကိုယ့်ဟာကိုယ်တစ်ယောက်ထဲတွေးဖြစ်ရင်း မော်ကွန်းအဖြစ်ကို သဘောကျစွာ ဟစ်ခနဲတစ်ချက်ရယ်မိလိုက်သည်။
ဘေးနားမှာ မိန်းကလေးတွေ ဒီလောက်ဝန်းရံနေတာကိုတောင် ဝိုင်းလမင်းဆိုတဲ့ ကလေးပေါက်စလေးကို သွားပြီး သဘောကျရတယ်တဲ့။ဝိုင်းလမင်းလေးကလည်း တကယ့်ချစ်စရာလေးကို...။မော်ကွန်း သဘောကျရင်လည်း ကျချင်စရာပါပဲ။ဘယ်လိုပဲဖြစ်ဖြစ်ပါ…မော်ကွန်းနဲ့ဝိုင်းလမင်းလေးကို တွဲပြီး မြင်ယောင်ကြည့်လိုက်တိုင်း သိပ်ချစ်စရာကောင်းတဲ့ လိုက်ဖက်တဲ့စုံတွဲလေးလို့ပဲမြင်မိတယ်။နေနဲ့လ ရွှေနဲ့မြ ဆိုတာ သူတို့နှစ်ယောက်ကိုပြောတာဖြစ်မည်…။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now