2 (Uni+Zaw)

13.5K 977 64
                                    

Unicode

အိမ်သစ်တက်မင်္ဂလာပွဲနေ့မို့ သူရိန်မော်ကွန်းတို့အိမ်တွင် ဧည့်သည်အဝင်အထွက်တွေက များပြားနေသည်။

သူရိန်မော်ကွန်းမှာ ဘုန်းကြီးတွေကို အကြိုအပို့လုပ်နေရသေး၍ ဧည့်သည်တွေကို ဧည့်ဝတ်မပြုနိုင်အားသေးပါ။ဒေါ်ရီရီနှင့်ဒေါ်ဆင့်ဆင့်တို့ကသာ လာသမျှဧည့်သည်တွေကို ကြိုဆိုဧည့်ခံ၏။

သူရိန်မော်ကွန်းတစ်ယောက် ဘုန်းကြီးတွေကိုပို့ပေးပြီး အိမ်ပြန်ရောက်လာချိန်တွင် ဧည့်သည်တွေမှာ အတော်ပင်စုံသလောက်ရှိနေပြီဖြစ်သည်။အိမ်ထဲသို့ သူရိန်လှမ်းဝင်လိုက်သည်နှင့် စားပွဲဝိုင်းတွေဆီမှ အမျိုးသမီးလေးများ၏အကြည့်တွေက သူရိန့်ထံ စုပြုံရောက်လာကြတော့သည်။

"သားရေ သူရိန်မော်ကွန်း…"

"ဗျာ…"

"ဧည့်သည်တွေကို မုန့်တွေကူချပေးပါဦးသားရယ်။"

"ဟုတ် ဟုတ်ကဲ့…"

အဒေါ်နှစ်ယောက်က ဧည့်သည်တွေနှင့်စကားပြောနေကြ၍ သူရိန်မော်ကွန်းသည် အလုပ်သမားတွေနှင့်အတူ မုန့်တွေကူချပေးရသည်။

"ဟဲ့ နာမည်က သူရိန်မော်ကွန်းတဲ့။"

"အေးနော်။အလန်းဇယားပဲဟ။"

မုန့်ပန်းကန်တွေလိုက်ချပေးရင်း စားပွဲတစ်ခုဆီမှ မိန်းကလေးနှစ်ယောက်ပြောသည့်စကားကို သူရိန်ကြားလိုက်ရသည်။လှည့်၍တော့ မကြည့်ဖြစ်ပါ။

"ဟေ့ သီရိရေ…ပြောင်းလာတဲ့ ဆေးကျောင်းသားအစ်ကိုကြီးက ချောလိုက်တာနော်…"

"ဟဲ့ မိနိုင်ရယ် တိုးတိုးပြောပါဟဲ့။ကြားသွားပါဦးမယ်။"

နောက်စားပွဲဝိုင်းတစ်ခုဆီမှ မိမိအကြောင်းပြောသံကို သူရိန် ထပ်ကြားလိုက်ရပြန်သည်။
သူရိန်တစ်ယောက် မုန့်ပန်းကန်တွေလိုက်ချပေးဖို့ပင် တွန့်နေပြီဖြစ်သည်။စားပွဲဝိုင်းတွေဆီလိုက်ကြည့်ပြီး မုန့်ပန်းကန်တွေလိုက်ချမပေးရဲတော့၍ မသိမသာလေးဘေးထွက်လာခဲ့လိုက်တော့သည်။အပြင်ဘက်ရောက်မှ သူရိန်တစ်ယောက် စားပွဲဝိုင်းတွေဆီ လှမ်းကြည့်ဖြစ်သည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now