30(Uni+Zaw)

7.1K 483 24
                                    

Unicode

သည်နေ့တွင်ဖြင့် သူရိန်မော်ကွန်းတစ်ယောက် တာဝန်ကျရာ ချင်းပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။
သူရိန်မော်ကွန်းတစ်ယောက် လက်မှ လက်ပတ်နာရီလေးဆီကြည့်ရင်း သက်မမောတွေကို အကြိမ်ကြိမ်ချနေဖြစ်ရသည်။
မေမေကတော့ ယူရမည့်ပစ္စည်းတွေကို မကျန်ခဲ့စေဖို့ သတိပေးသည်။
မိမိနှလုံးသားလေးတစ်စုံက ကလေးပေါက်လေးဆီမှာ ကျန်ခဲ့ရမည်ဆိုတာကိုတော့ မိမိမှလွဲ၍ မည်သူမှသိနိုင်မည်မထင်ပါ။

ကလေးငယ်လေးရယ်…ကိုယ် မင်းကို ဒုက္ခတွေပေးနေမိပြီထင်ပါရဲ့ကွယ်။
ချစ်သူနဲ့ခွဲခွာရတဲ့ဒုက္ခ၊လွမ်းရတဲ့ဒုက္ခက ဘယ်လောက်ထိပြင်းထန်သလဲဆိုတာ ကိုယ်တိုင်လည်းသိရှိနေပါပြီ။

ဖုန်း wallpaper မှာ တင်ထားသည့် ကလေးပေါက်လေး၏ပုံလေးကို ထုတ်ကြည့်ဖြစ်သည်။
ထိုကဲ့သို့သောအပြုံးလေးတွေကို အမြဲမြင်ချင်ခဲ့တာပါ။
ကျွန်တော်ချစ်သော ထိုအပြုံးလှလှလေးတွေအား နှလုံးသားထဲတွင် ထုတ်ပိုးသယ်ဆောင်သွားပါရစေ…။

ပြတင်းပေါက်နားက မာလကာကိုင်းမှာ မာလကာသီးတွေ ဝေဆာလို့။
တစ်ချိန်က မာလကာပင်ပေါ်တက်ပြီး မာလကာသီးခူးခဲ့တဲ့ ကလေးပေါက်လေးကို ပြန်လည်မြင်ယောင်မိတော့ မိမိအသည်းနှလုံးတွေ တင်းကျပ်စွာ မချိတင်ကဲ ပြုံးဖြစ်ရသည်။
အားလုံးပြင်ဆင်ပြီးချိန် luggage ကိုဆွဲ၍ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်တော့သည်။

"ချယ်ရီက မော်လမြိုင်မှာ တာဝန်ကျတာလေ…"

"ဟုတ်လား…
အဲ့တာဆို ချင်းပြည်မှာ အစ်ကိုတစ်ယောက်ထဲ ပျင်းနေတော့မှာပဲ…"

"ဒီလိုပါပဲ သားလေးရယ်။နောက်ကျ အလုပ်တွေလုပ်ရလွန်းလို့ ဒီကိုတောင် အမှတ်ရပါ့မလားမသိဘူး…"

"ဗျာ…"

အိမ်ရှေ့က စကားသံများကို သူရိန်မော်ကွန်းတစ်ယောက် ကြားလိုက်ရသည်။ကလေးငယ်လေးလည်း ရောက်နေပြီကိုး…။

"ဟာ အစ်ကိုတောင် အောက်ဆင်းလာပြီပဲ…"

အိမ်ရှေ့တံခါးအနားမှာ ရပ်နေတဲ့ ကျွန်တော့်ကိုမြင်တော့ ကလေးပေါက်လေးက လာကြိုပေးသည်။
ကလေးငယ်လေးဆီက အပြုံးယဲ့ယဲ့လေးတွေ…။ဒါဟာ အားတင်းပြီးပြုံးထားတာမှန်း ကျွန်တော်သိတာပေါ့…။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Wo Geschichten leben. Entdecke jetzt