27 (Uni+Zaw)

6.6K 484 31
                                    

Unicode

"ဟာ ဟေ့ ဝိုင်းလမင်း..."

"ဟာ...သုတညီ...ဘယ်လာတာလဲ။ငါ့ဆီလာတာလား..."

"မဟုတ်တာ...။ငါ့ကိုကိုဆီလာတာပေါ့..."

"မင်းရဲ့ကိုကို..."

"အင်း..."

"မင်းရဲ့ကိုကို ဆိုတာက ဘယ်သူလဲ။ဒီရပ်ကွက်ထဲမှာ ငါမသိတဲ့သူမရှိပါဘူး။"

"ငါ့ကိုကိုနာမည်က တေဇတဲ့။အင်ဂျင်နီယာကျောင်းသားကြီးလေ..."

"ဟမ်...အစ်ကိုတေဇ..."

"အင်း ဟုတ်တယ်လေ။ဘာလဲ သိလို့လား..."

"သိတာပေါ့...။ဟိုတစ်ခါကတောင် ငါ့ကို milk shakeဝယ်တိုက်သွားသေးတယ်။"

"အာ...မင်းနော်။အဲ့တာ ငါ့ကိုကို..."

"အမလေး ငါ့မှာလည်း ငါ့ကိုကိုရှိပြီးသားပါနော်..."

ဝိုင်းလမင်းတစ်ယောက် အပြင်မှပြန်လာခိုက် သူတို့လမ်းထဲတွင် သူငယ်ချင်းဖြစ်သူ သုတညီအားတွေ့လိုက်ရ၍ နှုတ်ဆက်စကားဆိုနေခြင်းပါ။သူငယ်ချင်းနှစ်ယောက်အတူ လမ်းလျှောက်လာခိုက်.…

"တီး တီး..."

ကားဟွန်းတီးသံလေးကြားမိတော့ နှစ်ဦးသား ဘာရယ်မဟုတ် လှည့်ကြည့်ဖြစ်ကြ၏။ထိုအခါ လမ်းမပေါ်ရောက်နေသည့် ဝိုင်းလမင်း၏လက်အား သုတညီမှဆွဲ၍ လမ်းကပ်စေလိုက်သည်။

ကားလေးကလည်း ဝိုင်းလမင်းနှင့်သုတညီတို့ဘေးနားမှ ဖြည်းဖြည်းပင်ဖြတ်ကျော်မောင်းနှင်သွားသည်။အစ်ကို့ရဲ့ကားဟူသောအသိနှင့် ဝိုင်းလမင်းသေချာကြည့်ဖြစ်လိုက်သည်။
ကားထဲတွင် အစ်ကိုနဲ့မမချယ်ရီတို့အားတွေ့ရခိုက် တစ်ဆက်ထဲမှာပဲ မိမိနှင့်သုတညီတို့ထံ ကြည့်သွားသည့် အစ်ကို့ရဲ့အကြည့်နှင့် မျက်ဝန်းမျက်နှာအသွင်တို့အားတွေ့လိုက်ရသည်။ဝိုင်းလမင်း၏စိတ်တို့တွင် ရုတ်ချည်း ဟာလာဟင်းလင်းကြီးဖြစ်သွားရသည်။

"ဟေ့ ဝိုင်းလမင်း…ကားထဲက မင်းကိုကိုနဲ့မမချယ်ရီတို့မို့လား…"

"အင်း ဟုတ်မယ်ထင်တာပဲကွာ…"

"သူတို့က အမြဲ တပူးပူး တတွဲတွဲနဲ့။ရိုးရိုးသာမန်သူငယ်ချင်းမှ ဟုတ်ရဲ့လား။"

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Donde viven las historias. Descúbrelo ahora