15 (Uni+Zaw)

8.4K 610 26
                                    

Unicode

"သား...သူရိန်...မင်း...မင်းတို့..."

"ဟင်!အာ...ဖေဖေ...မေမေ..."

ရုတ်တရက်ကြားလိုက်ရသည့် မိဘတွေစကားသံကြောင့် သူရိန်မော်ကွန်းသည် နေရာမှ ကပျာကယာထရင်း ဝိုင်းလမင်းကိုပါ ဖေးမဆွဲထူစေလိုက်သည်။ဝိုင်းလမင်းမှာ ခုထိ အကြောက်မပြေသေးရှာ၍ သူရိန်မော်ကွန်းကိုသာ တိုးဝှေ့ဖက်တွယ်ထားရှာသည်။
မိဘတွေကလည်း မျက်မှောင်တွန့်၍ ကြည့်နေကြသည်။
သူရိန်မော်ကွန်းမှာ မိဘတွေကိုလည်း ရှက်လန့်၊မိမိကို အားကိုးတကြီးဖက်တွယ်ထားသည့် အကောင်ပေါက်လေးကိုလည်း သနားကရုဏာသက်မိစွာ ထိန်းဖက်ပေးထားသလိုဖြစ်နေရသည်။
မိဘတွေ၏အကြည့်တွေကိုလည်း သူသိသည်။

"ဖေဖေ...မေမေ...အထင်မလွဲပါနဲ့။ကလေးလည်း သိပ်ကြောက်နေသေးတယ်။"

"သားတို့က ချိန်းတွေ့တာလား...။ဒါမှမဟုတ် သားက မိန်းမခိုး...အဲလေ ယောက်ျားခိုးလာတာလား..."

"အာ...မေမေရယ် မဟုတ်တာဗျာ။သားရှင်းပြပါ့မယ်..."

"ကို...ဆင့်နဲ့ရီတို့ကို သွားခေါ်လိုက်ပါဦး...။"

"အာ...ဖေဖေ မလုပ်ပါနဲ့။ရှုတ်ကုန်ပါ့မယ်ဗျာ..."

"ကို...သွားသာခေါ်ပါ။သူတို့တူ ဘာတွေလုပ်နေတယ်ဆိုတာ သူတို့ကိုလည်း ဒက်ထိပြမှဖြစ်မှာပေါ့..."

ဇနီးသည်ကဆိုတော့ ဒေါက်တာစိုင်းဝင်းဌေးသည်လည်း အခန်းထဲမှပြန်ထွက်သွားလိုက်သည်။

"မေမေ...ရှုတ်ကုန်အောင်မလုပ်ပါနဲ့။ကျွန်တော် ရှင်းပြမယ်လို့ ပြောနေတာပဲ..."

"ဘာရှင်းပြစရာလိုသေးလဲ သား။မေမေက လက်ပူးလက်ကြပ်မိနေတာပဲ။သားတို့က ကျောင်းမပြီးသေးကြသေးလို့တော့ ဘဝင်မကျလှဘူး။သားတို့က ယောက်ျားလေးချင်းဖြစ်နေလို့မဟုတ်ဘူးနော်။ဒိီခေတ်ကြီးထဲမှာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မေမေ အဲ့လောက်အမြင်မကျဉ်းတော့ပါဘူး။
သားရဲ့ဖြစ်တည်မှုကို မေမေနားလည်ပေးနိုင်တယ်။"

"ဘာတွေဖြစ်နေကြတာလဲ..."

"ဟင်...အို...ဝိုင်းလမင်းလေးက ဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်..."

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Donde viven las historias. Descúbrelo ahora