Unicode
"သားရေ…ဝိုင်းလမင်း…"
"လာပြီဗျ မေမေ။"
မေမေခေါ်လိုက်သည်နှင့် ဝိုင်းလမင်းတစ်ယောက် အပြုံးလေးနှင့် အိမ်ရှေ့သို့အပြေးတပိုင်းရောက်ရှိလာသည်။
"သား ဘာလုပ်နေလဲ။"
"မေမေ သားကိုခိုင်းစရာရှိတာသာခိုင်းပါ။"
"သားဘာလုပ်နေတယ်ဆိုတာလည်း မေမေသိချင်သေးတယ်လေ…"
"သားပြောလိုက်ရင် မေမေသားကိုအားနာသွားပြီး ခိုင်းမှာမဟုတ်တော့လို့ သားကမပြောတာပါ။"
"အမလေး ကြီးကျယ်လိုက်တာတော်ရယ်။"
ချစ်ရဆုံးသောသားလေးအား ချစ်မျက်စောင်းလေးနှင့် ဒေါ်တင်တင်ဝင်းဆိုလိုက်သည်။
"သားက စာကျက်နေတာပါမေမေရဲ့။
ကဲ မေမေသားကိုခိုင်းဖို့ အားနာသွားပြီမဟုတ်လား။
ဒါပေမဲ့ခိုင်းပါ။သားဘာလုပ်ပေးရမလဲဟင်။"သားချောလေး၏စကားကြောင့် ဒေါ်တင်တင်ဝင်းပြုံးဖြစ်ရသည်။သားချောလေးသည် အမေအပေါ်သိတတ်လိမ္မာလွန်းပြီး ချစ်စရာလည်းသိပ်ကောင်းလှသည်မဟုတ်ပါလား။တစ်ခါတလေ စပ်စလူးထတာလေးက လွဲရင်ပေါ့…ဟင်း ဟင်း…။
"မေမေ့ကို ခြံထဲက သစ်ခွပန်းလေးတစ်ပွင့်ခူးပေးဖို့ ခေါ်လိုက်မိတာပါ။
သားစာကျက်နေမှန်းသိရင် မေမေခေါ်မခိုင်းပါဘူးကွယ်။""အာ…ရပါတယ် မေမေရဲ့။
တစ်ပွင့်ထဲပဲလား။
ဒါနဲ့ ပန်းပန်ပြီး ဈေးရောင်းရင် ရောင်းကောင်းလို့ မေမေပန်တာလားဟင်။""အင်းပေါ့ သားရဲ့။
နောက်ပြီး မေမေတို့မြန်မာလူမျိုးတွေမှာ စကားဆိုတစ်ခုရှိတယ်လေ…။
မိန်းမကောင်းပန်းပန်တစ်ပွင့်စံတဲ့။
စကားဆိုလေးက အဓိပ္ပာယ်တွေအများကြီးပါတယ် သားရဲ့။
အဓိကပြောချင်တာကတော့ကွယ်
မေမေတို့ မြန်မာအမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာကို တစ်လင်တစ်မယားသစ္စာရှိခြင်းနဲ့တိုင်းတာတယ်ဆိုတာပဲ။
တစ်ပင်လဲလို့တစ်ပင်ထူဆိုအုံးတော့ မေမေကတော့လေ သားရဲ့ဖေဖေအပေါ်မှာ အသက်နဲ့ခန္ဓာတည်မြဲနေသ၍ သစ္စာရှိသွားမှာပါ။
ဒါ့ကြောင့်လည်း သားဖေဖေဆုံးပါးသွားပြီးကတည်းက သားဖေဖေရဲ့လက်စစီးပွားရေးတွေကို မိန်းမသားတစ်ယောက်ထဲ ဝင်ရောက်ဦးစီးပြီး သားလေးကို ပြုစုစောင့်ရှောက်ခဲ့တာပေါ့…။"
YOU ARE READING
ကိုယ့်လမင်း (ကိုယ့္လမင္း) {Completed}
Romanceဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ Start date (13.4.2022)