11 (Uni+Zaw)

8.2K 621 8
                                    

Unicode

စာမေးပွဲတွေပြီးတော့မည်။စာမေးပွဲပြီးလျှင် သီတင်းကျွတ်ကျောင်းတွေပိတ်မည်။

"ဟိုဘက်ခြံက ကလေးလေး စာမေးပွဲဖြေလို့ အခြေအနေမှကောင်းရဲ့လား…"

စာဖတ်နေရာမှ သူ့ခေါင်းထဲသို့ ဝိုင်းလမင်းအသွင်လေးက ဝင်ရောက်လာ၍ သူနှုတ်မှရေရွတ်မိခြင်းဖြစ်သည်။
ပြီးတော့ စာကြည့်စားပွဲမှထကာ အခန်းထောင့်ကပြတင်းပေါက်လေးဆီသို့ထွက်လာခဲ့လိုက်သည်။ပြတင်းတံခါးအားဖွင့်၍ ဝိုင်းလမင်းလေး၏အခန်းဆီသို့ ကြည့်မိသည်။

ဝိုင်းလမင်းသည် စာရေး၊စာဖတ်လုပ်ပြီး စာကျက်နေသည်ကို သူမြင်တွေ့ရသည်တွင် စိတ်နှလုံးလေး ချမ်းမြေ့မိရသည်။
ဝိုင်းလမင်းလေးထံကြည့်ပြီး သူပြုံးနေမိသည်။ပြီးတော့ သူ့ရင်တစ်ခုလုံးသည် ပေါ့ပါးစွာနှင့် ကြည်နူးချမ်းမြေ့နေသည်ကိုလည်း သူသတိထားဖြစ်ရလေ၏။

"ဟင် သား သူရိန်…ဘာရပ်လုပ်နေတာလဲ…"

"ဟာ…ဒေါ်လေးဆင့်ကလည်း လန့်လိုက်တာဗျာ။အသံမပေးဘာမပေး…"

"မင်းကရော ဒီမှာ ဘာရပ်လုပ်နေတာလဲ…"

"ဝိုင်းလမင်းလေး စာကျက်နေတာကို လှမ်းကြည့်နေတာပါ…,။"

သူ ရုတ်တရက်ပြောမိပြီးမှ ရှက်သွားသလို လျှာတွန့်သွားရသည်။
ဒေါ်လေးဆင့်၏အကြည့်တွေက အံ့ဩသလိုရှိနေ၍ သူ အနေရပိုခက်သွားရသည်။

"ဒေါ်လေးကလည်း ကျွန်တော့်ကို ဘာကြည့်နေတာလဲ…"

"မကြည့်ပါဘူး။မင်းကပဲ ငါ့ကြည့်နေတာပါ…။"

"ဒေါ်လေးကတော့လေ…ဒါဆိုလည်း ကျွန်တော် စာဆက်ကြည့်တော့မယ်ဗျာ…"

"နေဦး။မင်းကိုပြောစရာရှိလို့တက်လာတာ။စနေနေ့ကျရင် မင်းမိဘတွေရောက်လာမယ်တဲ့…။"

"ဘာနဲ့လဲ။ ကားနဲ့လား။ လေယာဉ်နဲ့လား…။"

"ဘာမှမပြောပုံထောက်ရင် လေယာဉ်နဲ့ပဲ လာကြမယ်ထင်တယ်။"

"အဲ့ဒါပဲမဟုတ်လား…။"

"အေးပါ ။ကျွန်တော်မျိုးမ ဆင်းပါ့မယ်။ဘယ့်နှယ်တော် သူခိုးလူမိလို့လားမသိဘူး။ဖြစ်နေပုံက…ဟွန်း…"

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Where stories live. Discover now