26 (Uni+Zaw)

7.2K 499 39
                                    

Unicode

"ဒီနားမှာထိုင်လို့ရမလား…"

ဝိုင်းလမင်းတစ်ယောက် ဖုန်းထဲမှ အစ်ကို့ပုံလေးကို ကြည့်နေခိုက် ဘေးနားကအသံကြောင့် မော့ကြည့်ဖြစ်လိုက်သည်။
လူပုံက မိမိထက် နည်းနည်းထွားသည်ဆိုပေမဲ့ ခပ်သေးသေးသာဖြစ်သည်။ဆံပင်ကလေး ကျို့တိုးကျဲတဲအောက်မှာ မျက်ခုံးမွေးကလေးကလည်း ခပ်ပါးပါးကလေးသာဖြစ်သည်။
"အစ်ကို့လိုလည်းမချောဘူး…"ဟူ၍ မဆီမဆိုင်တွေးမိလိုက်သေးသည်။တစ်ဆက်ထဲမှာပဲတွေးမိသည်က ကျွန်တော့်ကမ္ဘာမှာ အစ်ကိုသည်သာ အချောမောဆုံးဖြစ်သည်ဟူ၍ပင်…။

"အင်း ထိုင်လေ…။ဪ ဒါပေမဲ့ ဟိုဘက်မှာထိုင်နော်။ဒီနေရာက ငါဦးပြီးသား။ငါက ဘေးဆုံးနေရာမှာပဲ ထိုင်တတ်လို့…"

အဲ့ စုတ်ချွန်းချွန်းကောင်က ကျွန်တော့်ဘေးအတွင်းထဲကို ဝင်ထိုင်သည်။
အေးဆေးဝင်မထိုင်ဘဲ လူကိုတွန်းတိုက်သွားသေးသည်။ဒီကလည်း ဘယ်ရမလဲ။ဝိုင်းလမင်းကို ဒီလိုလာစမ်းလို့ ရရိုးလား…။အဲ့ကောင်ရဲ့ကျောပြင်ကို တံတောင်နဲ့နောက်ပြန်ဆောင့်ထိုးပစ်လိုက်တယ်။အဲ့ကောင် နည်းနည်းတော့ ဆိမ့်သွားမယ်ဆိုတာသေချာတယ်။

"ဘာပုံတွေကြည့်နေတာလဲ…ဟဲ ဟဲ "

ဒီလောက် ပညာပြထားတာကို မျက်နှာက စပ်ဖြီးဖြီးနဲ့…။

"ငါ့‌ကိုကိုပုံကို ကြည့်နေတာပေါ့…"

"ဟမ်…ဟုတ်လား…ပြကြည့် ပြကြည့်…"

"ဟာ…"

အပြောနဲ့အလုပ်လျှင်မြန်လွန်းတာမို့ ဖုန်းက သူ့လက်ထဲရောက်သွားသည်။ဘယ်လိုကောင်လဲ…သူများပစ္စည်းကို စည်းမရှိ ကမ်းမရှိနဲ့ ဟူ၍ တစ်ဆက်ထဲမှာပဲ တွေးဖြစ်လိုက်သည်။

"အာ…မင်းကိုကိုက ချောတာပဲ။ဟီး ငါကလည်းလေ မင်းလိုပဲ သိလား။ငါ့မှာလည်း ငါ့ကိုကိုရှိတယ်။ငါက ကြောက်နေတာ။ကျောင်းကလူတွေက ငါ့ပုံစံကိုကြည့်ပြီး ဝိုင်းလှောင်ကြမှာကို.…"

သူက ကျွန်တော့်ဖုန်းကို ပြန်ပေးရင်း စကားဆိုသည်။သူဘာကိုပြောချင်နေတာလဲဆိုတာ သိပေမဲ့ မရှင်းလင်းဘူးဖြစ်နေသည်။

ကိုယ့်လမင်း  (ကိုယ့္လမင္း) {Completed}Tempat cerita menjadi hidup. Temukan sekarang