chapter 3 (Final)

604 78 0
                                    

အိပ်ပျော်နေသော သိုးကလေး

"မင်းတို့တွေက ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါ မေးနေတာ အခုအကြိမ်နဲ့ဆို ဆယ်ကြိမ်လောက်ရှိနေပြီ"

အရိုးခေါင်းအင်္ကျီကိုဝတ်ပြီး ရဲစခန်းထဲက ထိုင်ခုံမှာ
ထိုင်နေတဲ့ Quinnက စိတ်မရှည်စွာ ညည်းညူလာသည်။

"ငါပြောနေတဲ့ အင်္ဂလိပ်လိုကို နားမလည်လို့လား????
ဒါမှမဟုတ် မင်းတို့နားတွေကပဲ ပြဿနာရှိနေလို့လား?????"

သံစားပွဲရဲ့ တခြားဖက်ခြမ်းက အသက်လတ်ပိုင်း
ရဲသား၏ မျက်နှာမှာလည်း အခြေအနေအလွန်ဆိုးလှသည်။ နောက်ထပ်ထွက်လာသော ဒေါသနှင့်အတူ သူ့မျက်နှာက အရေးကြောင်းကြီးတစ်ကြောင်းထပ်ပေါ်လာရသည်။

"ခြားနားမှုမရှိဘူးဆိုတာ မင်းသေချာလား????"

"အိုး.....အမေရေ....ငါသူ့ကို တစ်နာရီကျော်ကျော်လောက်ပဲ မြင်ဖူးတာပါကွာ။အဲဒါလည်း လွန်ခဲ့တဲ့ နှစ်ရက်ကပါ။ မင်းပြတဲ့ မျက်နှာတွေအကုန်လုံးက
ခပ်ဆင်ဆင်တွေကို!!! ငါလည်း အကောင်းဆုံး
ကြိုးစားပြီး မှတ်မိအောင်လုပ်နေရတာပါ
မင်းတို့က ဘာများ ထပ်လိုချင်သေးလို့လဲ???"

Quinnက ဒေါသထွက်စွာနဲ့ စားပွဲခုံပေါ်ကို ရိုက်လိုက်သည်။စားပွဲရဲ့ တစ်ဖက်အစွန်းက အသက်ငယ်ငယ်
ရဲက ခန္ဓာကိုယ်ကို အငြောင်းဆန့်ကာ သူ့အင်္ကျီကော်လာကို ပြန်ပြင်လိုက်ရင်း သူ့ကို ကြောက်မက်ဖွယ်ရာ ကြည့်လာသည်။

"သိပ်ပြီး အပေါက်မဆိုးပါနဲ့....ကောင်လေး
ငါတို့မင်းရဲ့ဝန်ခံချက်တွေကို မှတ်စုစာအုပ်ထဲ
မှတ်နေရတာ.......မင်းဘာလုပ်နေခဲ့လဲ????
မင်းက တခြားလူယောင်ဆောင်နေခဲ့လား????
"အိပ်မက်ဆိုး နံပါတ်၂"ကို အတုယူနေခဲ့သလား
စသဖြင့်ပေါ့ကွာ"

Quinnက ကြောက်မက်ဖွယ်ရာ မျက်လုံးတွေ
ပြူးကျယ်လာပြီး ခေါင်းမာမာနဲ့ ထပ်ပြောလိုက်သည်။

"ပြစ်မှုတစ်ခုကို တွေးရုံနဲ့ အပြစ်ဆိုရင် အမေရိကန်
နိုင်ငံသားတွေအကုန် ထောင်ထဲရောက်နေလောက်ပြီ။ ငါပြောချင်တာက......နိုင်ငံရတနာတွေကို
ဘယ်သူကများ သူတို့အိတ်ကပ်ထဲထည့်ပြီး
မထွက်ပြေးချင်တဲ့သူ ရှိလို့လဲ????ပိုက်ဆံခိုးဖို့ဆိုတာလည်း စိတ်ကူးယဥ်စရာပဲလေ!!!"

The Last Killer (Myanmar Translation)Where stories live. Discover now