chapter 12 part1

129 22 0
                                    


ယာယီပူးပေါင်းတိုက်ခိုက်ခြင်း Part1

ရှားချင်က အမှောင်ထဲတွင် ပုန်းနေခဲ့သည်။

သူ့အတွက်တော့ အမှောင်ထုက ယုံကြည်အားကိုးရသောနေရာလေးတစ်ခုဖြစ်ပြီး သေချာပေါက် တခြားသူအား ‌အမှောင်ထဲကနေ စွမ်းအားရှိရင်ရှိ‌သလောက် ခုန်အုပ်လို့ရသည်။ သူ့စိတ်အသိထဲတွင်လည်း ဒီကမ္ဘာပေါ်၌ လူအမျိုးအစားပေါင်း ၂မျိုးပဲ ရှိသည်ဟု မှတ်ယူထားသည်။ အဲ့ဒါကတော့ မုဆိုးနဲ့သားကောင်ပင်။ ထိုနှစ်ဉီးကြားရှိ စည်းမျဉ်းနယ်နိမိတ်တွေကလည်း ရှင်းလင်းပြတ်သားပေသည်။ မင်းရဲ့ဘဝမှာ တစ်သက်လုံးစာ သားကောင်ဖြစ်ချင်ဖြစ်လာလို့ရပေမယ့် တစ်သက်လုံး မုဆိုးဖြစ်ဖို့ကတော့ခက်ပေသည်။ အခြေအနေနဲ့အခွင့်ကောင်းကို ယူတက်၊မယူတက်ပေါ်မှာပဲ မူတည်ပေသည်။ ကမ္ဘာကြီး၏ နိယာမက၊ကိုက ငွေဒင်္ဂါးပြားတစ်ပြားကို လေထဲတွင် မြှောက်လိုက်ပြီး ပြန်ကျလာမည့်အရာက အပေါ်လား အောက်လားဆိုတာ မသိနိုင်သည်ပင်။

အခုတော့ သူက အမှောင်ထုထဲတွင် ရောက်နေပြီး
သူသည် အပေါ်သို့မဟုတ်အောက်ရောက်နေတာလည်းဖြစ်နိုင်သည်။

သူတွေးပုံက လျှပ်စစ်မီးပြတ်တောက်တာကို သူ့‌သားကောင်နှစ်ယောက်သိသွားရင် နှစ်ယောက်ထဲကတစ်ယောက်ကတော့ အောက်ဆင်းလာပြီး ဓာတ်အားဖြန့်ဖြူးရေးအခန်းထဲဝင်ကာ မီးစက်ကိုစစ်ကြည့်မည်ပင်။ ထို့အပြင် သူထပ်တွေးထားသည်က ဆင်းလာမည့်သူသည် ဒဏ်ရာရနေသည့် "စစ်မက်မြင်း" မဖြစ်နိုင်၊ ဒဏ်ရာမရသည့် "နတ်ဆိုးဘုရင်အီဗန်" သာဖြစ်လိမ့်မည်။

ဘယ်သူဆင်းလာလာ သူပိုစွန့်စားရတာနဲ့ သိပ်မစွန့်စားရတာဘဲကွာမည်။

၇မိနစ်၊၈မိနစ်လောက်ကြာတော့ ဓာတ်အားထိန်းချုပ်ခန်း၏ သံတံခါးကပွင့်လာခဲ့သည်။
ဟိုဘက်ဒီဘက်ကြည့်ပြီးနောက် ဓာတ်မီးကို လက်တစ်ဖက်က ကိုင်ထားရင်း အခြားတစ်ဖက်က Mad dog ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး ခါး၌ FN 5.7 ပစ္စတိုတစ်လက် ထိုးထားသော အီဗန်ဆင်းလာခဲ့သည်။ သူ့မျက်နှာက အန္တရာယ်တစ်ခုခုအတွက် အသင့်အနေအထားဖြစ်နေပြီး တစ်ခုခုဖြစ်လျှင် ချက်ချင်းတိုက်ခိုက်မည့်ပုံပင်။

The Last Killer (Myanmar Translation)Where stories live. Discover now