chapter 11

138 26 1
                                    

လူသတ်ရဲတိုက် (2)

သူ့ရုပ်ရည်က အလွန်တရာကြည့်ကောင်းတာကြောင့် လီယိုနှလုံးသားလေး ယားယံသွားရသည်။ ဒီလူ့အပေါ်မုန်းတီးနေသောကြောင့်လား မဖမ်းမိမှာကြောက်ရွံ့လားမသိစွာ ဒီလူ့နောက်ကနေ လိုက်သွားဖို့ စိတ်ကူးရှိလိုက်သည်။

"မင်းအလုပ်လို့ မင်းပြောလိုက်တာလား ရှားချင်? ဒါကငါ့အလုပ်ပါ။ မင်းအလုပ်မဟုတ်ဘူး... မင်းသူတို့ကိုမုန်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းလည်းသူတို့လို ဖြစ်လာတာဘဲ။ ငါပြောတာနားထောင် မှန်ထဲက မင်းကိုယ်မင်း ပြန်သတ်နေတာကို ငါမကြည့်ချင်ဘူး။"

"မင်းငါ့နောက်လိုက်လာပြီး ငါ့ကိုနောက်ဆုတ်စေချင်တာက တရားမျှတမှုအတွက်လား စုံထောက်ကြီး။ ကံမကောင်းတာက သူ(မ)(တရားဉပဒေ)
က အသိမ်းပိုက်ခံလိုက်ရပြီးပြီ။ နိုင်ငံရေးသမားအများစုရယ် လာဘ်စားတဲ့ အစိုးရအရာရှိတွေရယ် ခရိုနီတွေရယ်က သူ(မ)ကို လွှမ်းမိုးလိုက်ပြီ။ သူ(မ)က AIDS နောက်ဆုံးအဆင့်ရောဂါသည်လိုမျိုး သေးသေးမွှားမွှားမှုခင်းလေးတွေကို ဂရုစိုက်နိုင်မှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ မင်းလဲသိပါတယ်။ မင်းတို့လိုက်ဖမ်းနေတုန်းမှာပဲ သူတို့ကတစ်ယောက်ပြီး တစ်ယောက်သတ်ပြီးသွားပြီ။ နိုင်ငံရေးသမားတွေကတော့ မြို့ကိုဖရိုဖရဲမဖြစ်အောင် ဖမ်းပြီးပါပြီဘာညာပဲ ဟောင်ဖွာဟောင်‌ဖွာ လုပ်ကြမှာဘဲ။ "

ရှားချင်က လှောင်ပြောင်စွာ ရယ်မောလာသည်။

သူက စကားလမ်းကြောင်းလွှဲကာ လီယိုအတွေးများကို ရှုပ်ထွေးသွားစေခဲ့သည်။

"ဒါ့အပြင် ငါကမင်းကို အခွန်ဖြတ်ပိုင်းတွေအများကြီးမကုန်ကျအောင်ကူညီပေးနေတာနော်။ မင်းပဲကြည့် အစိုးရက တစ်နှစ်ကို ဒေါ်လာသန်းတစ်ရာနီးပါး ထောင်ထဲကအကျဉ်းသားတွေအတွက် သုံးပေးရတယ်။ အဲ့ဒါအပြင်ကို သူတို့တစ်‌ယောက်ချင်းစီတိုင်းရဲ့ အသုံးစရိတ်က တစ်နှစ်ကို ထောင်ထဲမှာတင် ဒေါ်လာသုံးသောင်းလောက်ကျတယ်။ လူတွေရဲ့အသက်တွေ သွေးတွေကိုနင်းခြေခဲ့တဲ့ကောင်တွေကိုများ ဘာကိစ္စနဲ့ ထောက်ပံ့ပေးနေသေးတာတုန်း? အဲ့ဒီ့အစား ငရဲကိုအစောဆုံးပို့လိုက်တာ မကောင်းဘူးလား? တရားရုံးလုပ်ငန်းဆောင်တာကြီးက ခြေရာတိုင်းသလို ရှည်လျားပြီး တရားခွင်အတွင်းမှာကို လုပ်ယူလို့ရတာတွေမှအများကြီးပဲ။ တရားဉပဒေဘက်တော်သားတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း အကူအညီမရဘူး... အရှက်မရှိဘူးလို့ မထင်မိဘူးလား? ဒီကိစ္စတွေအားလုံးကို မင်းအစား ငါ‌ခေါင်းခံဖြေရှင်းပေးနေတာကို ကျေးဇူးမတင်သင့်ဘူးလား? တကယ်တော့ ငါအရည်အချင်း မပြည့်မှီသေးတာ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့ကန့်သတ်ချက်ကုန်တဲ့ထိ ငါက အပတ်တကုတ်ကြိုးစားရှာဖွေပြီး တစ်ယောက်ချင်းစီရှင်းထုတ်နေဉီးမှာပဲ။"

The Last Killer (Myanmar Translation)Where stories live. Discover now