Chapter 9

250 49 0
                                    

(စက္ကူပေါ်ရှိ ပန်းနံ့သင်းသင်းလေး)

လီယိုနဲ့ Robနှစ်ယောက်စလုံးက တစ်နေ့တာလုံး
စစ်ဆေးမေးမြန်းခဲ့ပေမဲ့ သံသယရှိသူကောင်လေးက ထင်ထားတာထက် ခံနိုင်ရည်ရှိနေသည်။
လက်တင်လူငယ်လေးရဲ့ မျက်နှာရော စိတ်ပါ
နွမ်းလျပြီး ဗိုက်ဆာနေသလို အိပ်ငိုက်နေပုံပါ
ပေါ်နေပေမဲ့ သူကတော့ အခုချိန်ထိ ဖွင့်မဟသေးပေ။

"ကျွန်တော့်မှာ အပြစ်မရှိဘူး!!!"

Reggie က လက်ထိပ်ခတ်ခံထားရတဲ့ သူ့လက်တွေကို စားပွဲပေါ်တင်လိုက်ပြီး ခြေထောက်တွေကိုလည်း
ချိတ်ထားကာ သက်တောင့်သက်သာ ပြောလာသည်။

"အဲဒါကြောင့် ခင်ဗျားတို့ရဲ့ အချိန်တွေကို မဖြုန်းတီးဘဲ ကျွန်တော့်အတွက် ရှေ့နေတစ်ယောက်သာ
ရှာပေးပါ"

"မင်းကို မှုခင်းနေရာမှာ တွေ့ခဲ့တာ...ဒါက သက်သေတစ်ခုပဲ။မင်းရဲ့ ရှေ့နေနဲ့ ပြောရေးဆိုခွင့် ရချင်တယ်ဆိုရင်တောင် သူတို့က မင်းကို ကူညီချင်မှာ မဟုတ်ဘူး။ ငါမင်းကို အမှန်အတိုင်း ထွက်ပါလို့ တိုက်တွန်းချင်တယ် ပြီးတော့ ရှောင်လွှဲဖို့ ကြိုးစားတာကိုရောပေါ့။ မင်းဘာသာ အသနားခံစာ လျှောက်တင်နိုင်တယ်။အဲဒါဆို မင်းရဲ့အချုပ်ကျနိုင်တဲ့ သက်တမ်းက အနည်းငယ်လောက်ပဲ ကြာလိမ့်မယ်"

Robက ချော့တစ်ခါခြောက်တစ်လှည့် ပြောလာသည်။

"သက်သေ ဟုတ်လား?????" Reggieက လှောင်
ပြောင်လာသည်။

"ခင်ဗျားက ကျွန်တော် ကွမ်တင်ကို ထိခိုက်ဒဏ်ရာရအောင် ကြိုးစားရုံနဲ့ပဲ ဖမ်းတယ်ပေါ့လေ???နေပါဦး.....သူအသက်ရှင်သေးတယ် မဟုတ်ဘူးလား???
အာ..ပြောရမယ်ဆိုရင်....လွန်ခဲ့တဲ့နှစ်နာရီက ကျွန်တော်လော်ကာခန်းထဲ ပိတ်ထားခဲ့တဲ့ သူရောပေါ့????"

Robက စားပွဲခုံကို ရိုက်လျက် ပြောလာသည်။

"ဒုတိယနစ်နာသူမှာ တွေ့ခဲ့တဲ့ သုတ်ရည်က မင်းရဲ့.DNAနဲ့ကိုက်နေတယ်။ ဒီသက်သေက မင်းကို
လူသတ်သမားအဖြစ် စွဲချက်တင်ဖို့ အကောင်းဆုံး
သက်သေပဲ မဟုတ်ဘူးလား"

"အဲတော့ သူက အသတ်မခံရခင် ကျွန်တော်နဲ့
လိင်ဆက်ဆံခဲ့တယ်လို့ ထင်တယ်ပေါ့????
နေပါဦး လူတိုင်းသိကြတဲ့အတိုင်းပဲ သူက
အသက်ပြည့်ပြီးပြီပဲမလား????"

The Last Killer (Myanmar Translation)Where stories live. Discover now