chapter 2

278 59 7
                                    

FBI ချီကာဂို ရုံးခွဲ

မျက်နှာရှည်ရှည်၊ဂျူးလူမျိုးတို့၏ နှာခေါင်းပုံစံနှင့်
အသက်၅၀ကေျာ်စုံထောက်ကြီးသည် Robနှင့်
လီယို၏ လက်ကို အားရဝမ်းသာစွာ ဆွဲကိုင်
နှုတ်ဆက်လျက် သူ့ကိုယ်သူ တရုိတသေ
မိတ်ဆက်လာသည်။

"ကျွန်တော်က စစ်တုရင်စိတ္တဇလူသတ်သမား
အမှုကို တာဝန်ယူထားတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်
အဲဖရက် ဘဂ်မန်းပါ"

"ကျွန်တော်က ရုံးချုပ်က ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေး လီယို လော့ရန့်စ် ပါ ဒါကတော့
ကျွန်တော်ပါတနာ ရောဘတ်ဆိုင်မွန်"

"ကြိုဆိုပါတယ်ဗျာ။ အမှုစုံစမ်းရေးမှာ အကူအညီအများကြီး ယူပါရစေဗျာ"
.
.
.
.
"အမှုကိစ္စကို အသေးစိတ်ပြောရအောင်"

လီယိုနှင့်လောရန့်စ်က ရုံးခန်း၏ ဆိုဖာတစ်ခုပေါ်မှာ
ထိုင်လျက် ဆွေးနွေးနေကြသည်။

အဲဖရက်က ဘူးလေးတစ်ခုကို ထုတ်လျက် ဖွင့်ကာ
မှုခင်းနှင့်ဆိုင်သော ဓာတ်ပုံများ၊အလောင်းခွဲစိတ်မှတ်တမ်းများနှင့် တခြားသက်ဆိုင်ရာ ပစ္စည်းများကို သူတို့ရှေ့က ကော်ဖီစားပွဲပေါ်သို့ တင်လာခဲ့သည်။

"ပထမဆုံးအခင်းက တောင်ဘက်Michigan ရိပ်သာလမ်းမှာ ဖြစ်တာ။ ယာဥ်ထိန်းရဲက အရှိန်မြင့်မောင်းနေတဲ့ fordကားတစ်စီးကိုတားလိုက်တာ။
သူ့လည်ချောင်းကို ခွဲခံရပြီး ချက်ချင်း ပွဲချင်းပြီးပဲ
သေတာ။ ယာဥ်ကြောရုံးက ပေးလာတဲ့ မှတ်တမ်းဗွီဒီယိုအရ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက်က
မှောင်ရိပ်ကျပြီး ကင်မရာကွယ်တဲ့ဘက် ကို
အသုံးချရမှန်းသိတယ်။ ဒါကြောင့် သူ့မျက်နှာကို
လုံးဝ ရိုက်လို့မရခဲ့ဘူး"

"ရဲတွေကတော့ ကိုယ်ရေးကိုယ်တာ အငြိုးအတေးအရ ဒီတိုင်းဖြေရှင်းလို့ရတဲ့ အမှုလို့ထင်ခဲ့တာ။
ဒါပေမဲ့ ကျွန်တော်တို့ လုံးဝ မထင်ထားတာက
နောက်တစ်ရက်မှာပဲ နောက်ထပ်လူသတ်မှုက
ရဲစခန်းအဝမှာ ထပ်ဖြစ်တာ။ ဂိတ်ပေါက်ဝနေ
နေ့လည်စာစားဖို့ ထွက်လာတဲ့ ရဲတစ်ယောက်ရဲ့
နှလုံးတည့်တည့်ကို သေနတ်နဲ့အနီးကပ်ပစ်သွားတာ။ဒါပေမဲ့ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတုန်းမှာပဲ
တရားခံက သဲလွန်စတောင် မကျန်ဘဲ ပျောက်သွားတယ်။ အဲဒီတော့မှ မြို့ကရဲတွေက တမင်ရည်ရွယ်ချက်ရှိရှိ သတ်တာဆိုတာ သဘောပေါက်လာလို့ FBIကို အကူအညီလှမ်းတောင်းရတာပါ။
ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာကို ရှာဖွေတော့
ဒီဟာလေးကို တွေ့ခဲ့တယ်။ အစကတော့ လျစ်လျူရှုထားမိတာပေါ့လေ။ "

The Last Killer (Myanmar Translation)Where stories live. Discover now