chapter 9 part2

179 43 2
                                    

နတ်ဆိုးဘုရင်နှင့် စစ်မက်မြင်း (2)

မိနစ်၂၀လောက်ကြာတော့ ရဲကား၁၂စီးရောက်ရှိလာပြီး FBIခေါင်းဆောင်ပါပါလာခဲ့သည်။ သူတို့အားလုံးဟာ ယူနီဖောင်းတွေအပြည့်ဝတ်ဆင်ထားကြပြီး ကျည်ကားအင်္ကျီများနှင့်အတူ လက်ထဲမှာလည်း လက်နက်ပေါင်းများစွာ ချိတ်ဆွဲထားကြသည်။ သူတို့က ကားပေါ်က ဆင်းလိုက်ကြပြီး
အိုဟောင်းနေသည့် အိမ်အပျက်ကြီးကို ဝိုင်းလိုက်ကြသည်။

ရဲတွေက ချောင်ကျသည့်နေရာသို့ ပိတ်ဆို့ထားပြီး
သည့်နောက်တွင်တော့ သာမန်Fordကားတစ်စီးဟာ
ဆက်လက်မောင်းနှင်ရင်း
မီတာတစ်ရာအကွာရှိ အဆောက်အအုံရှေ့တွင်
ရပ်လိုက်လေသည်။ ဒရုိင်ဘာနေရာ၌ယူထားသော
လူမည်းကြီးသည် ခန္ဓာကိုယ်ကြံ့ခိုင်ကြီးထွားပြီး
သူ့၏ အရိပ်ကြီးကပင် အလွန်နေရာကျယ်လှသည်။

သူက သူ့ဖုန်းကိုထုတ်လျက် နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ ၈ကြိမ်မြောက်ခေါ်ဆိုပြီးနောက် ဖုန်းချိတ်ဆက်လိို့ရသွားခဲ့ပြီး သူက....
"အပြာရောင်ထရန်ကျူလာပင့်ကူကြီး!!ငါနဲ့မတွေ့တာကြာပြီဖြစ်တဲ့
သူငယ်ချင်းဟောင်းကြီးရေ...ငါအလုပ်တစ်ခုခိုင်းစရာရှိပြန်ပြီကွာ...ငါချီကာဂိုတောင်ပိုင်းမှာရှိတဲ့
Englewood ဆင်ခြေဖုံးက "ရီယန်နို စတီးပြန်လည်အသုံးချရေး စက်ရုံ" လို့ခေါ်တဲ့ အိမ်အပျက်ကြီးမှာ
လွန်ခဲ့တဲ့မိနစ်၂၀ကတိုက်သွားတဲ့ လူ၂ယောက်အကြောင်း သူတို့ရဲ့ပုံစံအတိအကျကအစ သိချင်တယ်ကွာ။ သူတို့ရဲ့ကားက ငွေရောင် Land Rover Auroraအမျိုးအစားကွာ!!!အိုး...ဘော်ဒါရေ..မင်း
လွန်ခဲ့တဲ့၂နှစ်က USရဲ့"Homeland လုံခြုံရေး စနစ်"
ဌာနမှာအလုပ်လုပ်ခဲ့သေးတယ်မလား???"

"ဆင်ခြေဖုံးဒေသရဲ့ လူနေရာသန်းပေါင်းများစွာက
မင်းရဲ့ "ပင့်ကူကွန်ယက်"ထဲမှာ ရှိနေတယ်မလား???
မင်းဖျက်ပစ်ပြီလို့တော့ငါ့ကိုမပြောနဲ့နော်!!!ကမ္ဘာပေါ်က ထိပ်တန်း၃ယောက်အဆ့်ဝင်တဲ့ ဟက်ကာတစ်ယောက်က သူကိုင်တွယ်တဲ့ကိစ္စတိုင်းကို အရံမထားဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ???ဒါအရမ်းအရေးကြီးတဲ့ကိစ္စမိုလို့ပါကွာ!!!မင်းရဲ့လက်တွေကို
ဖြန့်နိုင်သလောက်များများ ဖြန့်ပေးစမ်းကွာ!!!
မင်းအဲဒီအတွက် ကြိုက်တဲ့စျေးနှုန်းချရလိုက်!!
ငါမနက်ဖြန်မင်းဘဏ်အကောင့်ထဲကိုငွေလွှဲလိုက်မယ်!!!ဒါပေမဲ့ ငါ့ကိုသတင်းအချက်အလက်တွေ
မြန်မြန်တော့ ပို့ပေးရမယ်နော်!!!ငါမင်းရဲ့ အကြောင်းကြားမှုကို စောင့်နေမယ်။"

The Last Killer (Myanmar Translation)Where stories live. Discover now