chapter 8 part2

204 46 2
                                    


ပြတင်းပေါက်မှတစ်င့် သေမင်းတမန်ချိုးဖောက်ဝင်ရောက်ခြင်း

အဲဖရက်ရဲ့ကမ်းလှမ်းလာမှုကို လီယိုက ငြင်းပယ်လိုက်သည်။

"မလိုပါဘူး...ကျေးဇူးတင်ပါတယ် ငါ့အတွက် ကိုယ်ရံတော်တွေမလိုပါဘူး။ငါ့ရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် အဲဒီလောက်ထိ အများကြီး
မလိုပါဘူး။ဒါ့အပြင်ငါ့မှာ Robလည်းရှိသေးတာပဲကို"

အစိမ်းရောင်မျက်လုံးများရှိသည့် စုံထောက်ကလည်း ကူပြောလာသည်။

"ငါတို့အမှုပြီးတဲ့အထိ အတူတူလှုပ်ရှားပါ့မယ်"

"ဒါပေမဲ့ မင်းတို့နှစ်ယောက် တည်းက လူအရမ်းနည်းလွန်းတယ်။တစ်ယောက်ထပ်ထည့်လိုက်ပါ့လား
ဒီအမှုထဲကို ပါချင်တဲ့ ကိုယ့်ကိုယ်ကိုယ်ထောက်ခံပေးထားတဲ့ လူတစ်ယောက်ရှိတယ်။ ငါတို့ရုံးခွဲက
တိုက်ခိုက်ရေးနည်းပြ အန်သိုနီ ကွီးရော့တဲ့။ သူ့ကြံ့ခိုင်မှုကတော့ ရှင်းပြစရာမလိုဘူးထင်တယ်။
သူ့ရဲ့ အနီးပစ်ဓားမြောင် ပစ် စွမ်းရည်နဲ့ ခြောက်လုံးပြူး သေနတ်ပစ်စွမ်းရည်က မဆိုးဘူးလို့
ငါကြားတယ်"

လီယိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ယီးပဲ ငါနဲ့ ဝေးဝေးနေ....... ခင်ဗျား ဒီစကားကို သူ့ဆီပါးပေးလို့ရမလား"

Robက သူ့လျှာကိုသပ်ရင်း အဲဖရက်ကို မျက်ခုံးပင့်ပြလိုက်သည်။

"အိုး...ကြည့်ရတာ ငါတို့ရဲ့ ရုပ်ချောချောအစ်ကိုကြီးကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ
လိုက်နှောင့်ယှက်ချင်ပုံပဲ။ ငါသူ့ကို သိတာ တစ်နှစ်နီးပါးရှိပြီပေမဲ့ သူဒီလောက်ဒေါသထွက်တာ
မမြင်ဖူးဘူး"

ပိုပြီးအသက်ကြီးသော..အတွေ့အကြုံရှိသော
အရာရှိက လေပြည်လေးနှင့် ပြောလာသည်။
"အာ...ငါကြားတာက မင်းနဲ့အန်သိုနီက နယူးယောက်မှာတုန်းက အတူတူအလုပ်လုပ်ခဲ့ဖူးတယ်ဆိုတော့ မင်းတို့များ......"

သူက စကားပြောနေရင်းနဲ့ လီယိုရဲ့ ပိုဆိုးလာသောမျက်နှာအခြေအနေ ကြောင့် စကားလမ်းကြောင်းကို
လွှဲလိုက်သည်။

The Last Killer (Myanmar Translation)Where stories live. Discover now