chapter 13

197 38 2
                                    

သွေးအရသာ အနမ်း(1)

သူတို့နှစ်ယောက်စလုံး အမှောင်ထုထဲသို့ တိုးဝင်သွားသည့်အခါတွင်တော့ ပြတင်းပေါက်မှ ကျရောက်နေသော လရောင်လေး၏ အောက်တွင် သူတို့ရှေ့သို့ ပစ္စည်း တော်တော်များများ လိမ့်လာခဲ့သည်။

၎င်းက အလွန်စိတ်မသက်မသာ ဖြစ်စရာ ခံစားချက်ပင်။ လီယိုက သူ့ကိုယ်သူ အမှောင်ထဲက မုဆိုး၏ မြားချိန်ခြင်းကိုခံနေရသည့် သားကောင်တစ်ကောင်အဖြစ်တွေးကြည့်လိုက်တော့ စိတ်မချမ်းသာတော့ပေ။ ရှားချင်လည်းပဲ ထိုနည်းအတူပင်။ တကယ်တော့ သူတို့နှစ်ယောက်စလုံးက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မုဆိုးများသာဖြစ်သင့်သည်ပင်။

သူတို့တတိယထပ်ရဲ့ လှေကားများသို့ ဆင်းသည့်အချိန်တွင် လီယို၏ ခြေထောက်က လူသတ်သမား၂ယောက်သောက်ထားသည့် သံဘူးအခွံများကို ခလုတ်တိုက်မိရာမှ အသံထွက်သွားသည်။

“သေစမ်း!” သူ့ခေါင်းထဲမှာ အသိစိတ်တစ်ချက် ပွင့်သွားတာကြောင့် သူကသူ့ကိုယ်လုံးကို ငုံ့ကာ လှေကားအတိုင်း ဆင်းလိုက်သည်။ သူ့ဗိုက်အောက်ပိုင်းက ဒဏ်ရာက ခြေလှမ်းလှမ်းလိုက်တိုင်း နာကျင်နေတာကြောင့် အောက်ငုံ့လိုက်ရာ ကံကောင်းသွားပြီး  လေလုံသည့် ရပ်ဝန်းအတွင်းရှိ ဆူညံသောပဲ့တင့်သံများနှင့် အတူ ချက်ချင်းပဲ သူ့ဆီရောက်လာသည့် ကျည်ဆံအတွဲလိုက်ကြီးများကို ရှောင်ရှားနိုင်ခဲ့သည်။ ကျည်ဆံများ၏ တောက်ပမှုဟာ အမှောင်ထဲတွင် လင်းလက်နေခဲ့သည်။

သူ့နောက်က လိုက်လာတဲ့ ရှားချင်ကလည်း ချက်ချင်း ပစ္စတိုကို ထုတ်ကာ ကျည်များလာရာဘက်သို့ ငါးချက်ဆက်တိုက် ပစ်သွင်းလိုက်သည်။

ထို့နောက် ချက်ချင်းပင် သေနတ်သံနှင့်အတူ မီးဖွားများလည်း ထပ်လွင့်စင်လာပြန်သည်။ လှေကားအနီးရှိ ရုပ်ထုပေါ်သို့ တက်လိုက်သော လီယိုက ဒီကျည်တွေကိုပစ်တဲ့သူက “စစ်မက်မြင်း”ဟုတ်မဟုတ် သိချင်နေသည်။ အခုထွက်ပေါ်လာသည့် သေနတ်သံအရ တစ်ဖက်လူသုံးတာက Heckler&Koch MP5 စက်သေနတ်ဖြစ်နိုင်ပြီး သူ့တွင် ရှိသော ပစ်နိုင်စွမ်းအား၊ပစ်နိုင်နှုန်းနှင့် တိကျမှုတို့သည် အဆင့်အတော်မြင့်သည်ပင်။ ဒါ့အပြင် မောင်းလည်း ချက်ချင်းပြန်တင်နိုင်သည်။ တစ်ဖက်လူ၏ သေနတ်မှ ပစ်နိုင်စွမ်းအား ကို ဖိချနိုင်ပြီး အသံလုံအခန်း ပစ်ချက်များတွင် အတော်ထိရောက်သည်။

The Last Killer (Myanmar Translation)Where stories live. Discover now