Chapter 13 part2

219 30 3
                                    

သွေးအရသာအနမ်း

အရမ်းမြန်လွန်းတာကြောင့် လီယိုတောင် တုန့်ပြန်ချိန်မရလိုက်ပေ။ ရှားချင်က သူ့ရဲ့ခေါင်းကို လီယိုရဲ့ခြေထောက်၌ အပ်လိုက်ပြီး ကျဉ်ဆံနောက်ပိုင်းကို သွားလေးများနှင့် လျင်မြန်စွာ ဆွဲယူလိုက်သည်။ သူ့ပါးစပ်ကို ပြန်မော့လိုက်သည့်အချိန်တွင် နူတ်ခမ်းနှစ်မွှာကြား၌ ကျဉ်ဆံသေးသေးလေး ကပ်ပါလာခဲ့သည်။ တောက်ပသည့်မီးရောင်အောက်တွင် သွေးများဖြင့် နီရဲနေသော နူတ်ခမ်းလေးကြောင့် လီယိုတစ်ယောက် မျက်နှာတွေနီရဲလာရပြီး အသက်ကိုပင် မနည်းရှူနေရသည်။

နူတ်ခမ်းဖျားမှတစ်ဆင့် ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ကျဉ်ဆံပြုတ်ကျသွားပြီး “ကလင်” ဟူသော အသံထွက်လာသည့်တိုင် လီယို၏ နှလုံးသားကတော့ အလယ်ခေါင်မှ အခွဲခံရပြီး ကျန်သည့် ဉီးတည်ဘက်များသို့ တဖြည်းဖြည်းချင်း ဆက်အပ်သွားသည့် မှန်တစ်ချပ်နှယ်......

လီယို၏ မျက်လုံးများပြူးကျယ်သွားရသော်လည်း သူ့စိတ်ကတော့ လင်းဟင်းပြင်တစ်ခုအလား ဖြစ်နေပြီး ဖြိုးဖြိုးဖြတ်ဖြတ်စီးဆင်းလာသော လျှပ်စီးကြောင်းတွေနဲ့အတူ နှလုံးခုန်သံတွေလည်း မြင့်တက်နေရသည်။ ရှားချင်ရဲ့မျက်နှာက သူ့စီတဖြည်းဖြည်း ချဉ်းကပ်လာရင်း သူ့နူတ်ခမ်းကိုနမ်းလိုက်သည်အထိ အမြင်အာရုံတွေ ဝေဝါးနေဆဲဖြစ်သည်။

ဘယ်သူက ဘယ်သူ့ကို ပိုတပ်မက်နေသလဲမသိတော့။ နူတ်ခမ်းထက်၌ သွေး၏ဆားငန်အရသာ, သာ ပြည့်နေခဲ့သည်။ ပူနွေးသော နူတ်ခမ်းနှစ်စုံ၏ အထိအတွေ့သည် လျှာဖျားထိပ်တွေလောင်ကျွမ်းဖို့ ‌လုံလောက်သော်လည်း အရသာကတော့ လူနှစ်ယောက်စလုံး ပြင်းပြစရာအတိချိုမြိန်လှသည်။

ဒီသောက်အခြေအနေကြီးက ဘာကြီးလဲ?? ဒါကြီးက ကောင်းမနေဘူး။ လီယိုက သူ့ကိုယ်သူ ရွံ့ရှာစွာ တွေးလိုက်ပေမယ့် သူ့ကိုယ်သူတော့ ရပ်တန့်လို့မရခဲ့ပေ။

သူ့ကိုစနမ်းလာသော လူငယ်ကလည်း ရပ်ဖို့ အစီအစဉ်မရှိစွာပင် သူ့ရဲ့ပါးပြင်ကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်လာပြီး မေးရိုးကို တစ်သတ်မတ်တည်း ထားစေကာ နင့်နင့်သီးသီး နမ်းလာခဲ့သည်။

The Last Killer (Myanmar Translation)Where stories live. Discover now