Chapter 4

378 62 2
                                    


The Last Killer

သစ်ကြားပင်အောက်က ပဋိပက္ခ

Portland မြို့နယ်ရဲစခန်း၏ စစ်ဆေးမေးမြန်းခန်းတွင် အလန့်တကြားဖြစ်နေကြပြီး ထိုင်ခုံနောက်ကျောကိုမှီလျက် လက်သီးတွေ
တင်းတင်းဆုတ်ထားသည့် လူငယ်လေးနှစ်ယောက်
ရှိနေခဲ့သည်။

သက်လတ်ပိုင်း ရဲမေတစ်ယောက်က စောင်တစ်ထည်ယူပေးလာပြီး ထိုစောင်ကို သူတို့နှစ်ယောက် ပေါ်သို့ လွှမ်းခြုံပေးလာကာ ကော်ဖီတစ်ခွက်စီ
ပေးရင်း သူမလုပ်ဖော်ကိုင်ဖက် လူမည်းရဲသားကို ပြောလာသည်။

"ဒီသနားစရာ ကလေးတွေကိုကြည့်ပါဦး၊မိုးရေတွေ
စိုနေတဲ့အပြင် သေမတတ်ကြောက်လန့်နေခဲ့တာ
သူတို့ကို ကောင်းကောင်းမွန်မွန်မေးပေးပါ Terryရယ်"

"ငါကအစကတည်းက စိတ်ရှည်ပြီးသားပါ
အမန်ဒါ သူတို့နှစ်ယောက်ကို လူစုခွဲပေးပါလား
ငါတစ်ယောက်ချင်းစီ ခွဲမေးချင်လို့"

ရဲမေက ရှေ့လျှောက်သွားပြီး လက်တင်လူမျိုး
ကောင်လေးကို တခြားအခန်းသို့ ခေါ်သွားခဲ့သည်။
ကောင်လေးရဲ့ ဆံပင်အရောင်ကလည်း
မိုးရောင်ကြောင့် အနက်ရောင်ပြန်ပြောင်း
နေခဲ့သည်။သူ့ရဲ့ ဆံစများသည် အချောင်းလိုက်ဖြစ်နေပြီး နဖူးအောက်သို့ကျနေကာ ရေတစ်စက်စက်
ကျနေခဲ့သည်။ ထိုပုံစံလေးက ငယ်ရွယ်ပြီး
အတွေ့အကြုံမရှိမှု၊အသိဉာဏ်နည်းသေးမှုတို့ကို
ရည်ရွယ်တာကြောင့် ရဲမေ၏ မိခင်စိတ်တို့
နိုးထလာပြီး သူ့မျက်စိရှေ့က ကလေးကို
ပိုသက်ညှာပေးချင်လာပေသည်။

"ကောင်းပြီ" တယ်ရီက ကျန်ခဲ့တဲ့ ကောင်လေးနဲ့
စစ်ဆေးမေးမြန်းရန် မျက်နှာချင်းဆိုင် ခုံမှာ
ထိုင်လိုက်ပြီး အာရှသားကောင်လေးကို
စတင်မေးလိုက်သည်။

"မင်းမြင်ခဲ့သမျှ အမှုအကွက်အကွင်းကို ပြောပါ။
မင်းဘာမြင်ခဲ့လဲဆိုတာရောပေါ့။ ငါ့ကိုမင်း
မြင်သမျှအားလုံး အသေးစိတ်ပြောပေးပါ။
တစ်ခုမှထိမ်ချန်ဖို့ မကြိုးစားပါနဲ့။ဘာလို့လဲဆိုတော့
ပထမဆုံးမျက်မြင်သက်သေအနေနဲ့ အမှုဖြေရှင်းဖို့မင်းရဲ့ သက်သေထွက်ဆိုချက်က အရမ်းအရေးကြီး
လို့ပါ"

The Last Killer (Myanmar Translation)Where stories live. Discover now