Chapter10

235 57 4
                                    

သွေးစွန်းနေသော နှင်းဆီများ ၁

၁၀မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့
ဆယ်ရီနာဆီမှ သတင်းဆိုးတစ်ခု ရောက်လာ
ခဲ့သည်။ အကြောင်းကတော့ ခြေရာခံခိုင်းသည့်
ဖုန်းအား တည်နေရာရှာမရသဖြင့် ဖုန်းကို
အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ခြင်း
သို့မဟုတ် ဘက်ထရီထုတ်ခြင်းခံရထားခြင်း
ဖြစ်နိုင်သည်ဟု ဆိုလာသည်ပင်။

Robကတော့ ကြားရသော သတင်းအဖြာဖြာကြောင့်
တုန်လှုပ်နေခဲ့ပြီး သူ့ဘေးရှိ သူ့ပါတနာလီယိုက
တော့ အေးစက်စက်ပုံစံဖြစ်နေပြီး တုန်လှုပ်ခြင်း
အလျင်းမရှိပေမဲ့ နဖူးကြောတွေ ထောင်ထနေပြီး
သွားထိလိုက်တာနဲ့ အပူချိန်ပြင်းကာ ပေါက်ကွဲတော့မည့် ကျောက်တုံးတစ်ခုအား ရေခဲရေတစ်ပုံး
လောင်းပြီး ဖိနှိပ်ချုပ်ချယ်ထားသလို ဖြစ်နေသည်။
သူတို့ထင်မှတ်ထားသည့် အဲဒီအချိန်များ ရောက်လာခဲ့လျှင် သူ့ပါတနာသည်ကား ပြိုလဲသည်မက
ပြိုပျက်သွားမည်ပင်။

သူတို့နှစ်ယောက် လီယိုတို့ငှားနေသည့် လူမရှိသော
တိုက်ခန်းသို့ ရောက်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့်
သူတို့ တိုက်ခန်း၏ ၁၇ထပ်မြောက် ဓာတ်လှေကား
မှ ပြန်ဆင်းလာခဲ့ပြီး Portland တက္ကသိုလ်သို့
ဦးတည်သွားလိုက်သည်။

ဘာသာစကားသင်တန်း၏ ဒီနေ့အတွက်
သင်ပြရမည့်ဆရာသည် Wayneဖြစ်သည်။
သူက အနည်းငယ် စိတ်ရှုပ်ထွေးနေသည့်
ပုံစံနှင့် ပြောလာသည်။

"ပိချင်????ဟုတ်တယ်...ဟုတ်တယ်...သူဒီနေ့ အတန်းကို လာတယ်။ သူနည်းနည်း နောက်ကျခဲ့ပေမဲ့ပေါ့။ မနေ့က သူခွင့်တိုင်ခဲ့လို့ ဒီနေ့လည်း သူမလာနိုင်လောက်ဘူးလို့ ကျွန်တော်ထင်နေတာ။အခုလား???ကျွန်တော်လည်း မသိဘူး.......အားလုံး
မင်းတို့ရဲ့ အတန်းဖော် လီပိချင် ဘယ်သွားလဲ
သိတဲ့လူရှိလား?????"

သူက သူ့အတန်းထဲရှိ တိုးတိုးတိုးတိုး ပြောနေကြ
သည့် တစ်ဒါဇင်ကျော်ကျော်လောက် ကျောင်းသားများအား လှည့်မေးလိုက်သည်။

တရုတ်လူငယ်လေးတစ်ယောက်က လက်ကို
ဖြည်းဖြည်းချင်း ထောင်လာရင်း ခဏလောက်ကြာတော့ ပြောလာသည်။

The Last Killer (Myanmar Translation)Where stories live. Discover now