အမှုတွဲ ၂:နှင်းဆီပွင့်ချပ် လူသတ်သမား Chapter1

497 70 1
                                    

Note: Zawgyi ကို သပ်သပ်တစ်ခုခွဲပြီးပြန်တင်ပေးပါတော့မယ်နော်🙏

The Last killer

Chapter4 မကောင်းဆိုးဝါးကို ပိတ်လှောင်ထားသော သံကြိုး

...............

သူ့တိုက်ခန်းထဲကို စဝင်ဝင်ချင်း Leoသတိထားမိတဲ့အရာကတော့ သူ့အခန်းကသေလောက်အောင်
တိတ်ဆိတ်နေတယ်ဆိုတာပင်။

"Li Biqing!!!!"

သူက အော်လိုက်သည်။

သူက ဧည့်ခန်းထဲကနေ အိပ်ခန်း မီးဖိုချောင် ရေချိုးခန်းတစ်လျှောက်လိုက်ရှာခဲ့ပေမဲ့ Mollyရဲ့ ချစ်သူသေးသေးလေးကို မတွေ့ရပေ။ သို့သော်လည်း
သူ့ပတ်ဝန်းကျင်ကထူးဆန်းနေသလို ခံစားရသည်။
အဲဒါကတော့ ကြမ်းပြင်မှာ ရှိနေတဲ့ ဖုန်တွေအကုန်လုံးကိုလည်း လှည်းကျင်းထားပြီး
မျက်နှာကျက်ထောင့်နားက ပင့်ကူမျှင်တွေပါ
ရှင်းလင်းနေခဲ့သည်။ ရေချိုးခန်းထဲမှာ သူချွတ်ထားခဲ့သည့် အဝတ်တွေအားလုံးကို လျှော်ထားခဲ့ပြီး
ဝရန်တာမှာပင် လှမ်းထားလျက် မီးဖိုချောင်ထဲမှာလည်း မွှေးပျံ့နေသည်။ထိုတရုတ်ကောင်လေးကဲ့သို့
အကြင်နာတရားရှိပြီး သူ့အိမ်ထဲကို သန့်ရှင်းပေးသည့့်သူမျိုး တစ်ခါမှ မတွေ့ဖူးပေ။

မေးစရာက အဲဒီကလေး ဘယ်ရောက်နေလဲပင်????

သူက အပေါက်ဝကိုသွားလိုက်ပြီး တိုက်ခန်းထဲမှ
ထွက်ဖို့ပြင်လိုက်စဥ်မှာပင် တံခါးကပွင့်လာပြီး
ပုံမှန်ဝတ်စားထားပြီး ကြီးမားတဲ့စျေးဝယ်အိတ်ကြီးတစ်လုံးကိုင်လာသည့် LiBiqing ကို တံခါးဝမှာ တွေ့လိုက်ရသည်။

Leoက ရောက်လာတဲ့သူနဲ့ မျက်နှာချင်းဆိုင် ရပ်ကြည့်တော့မှ ထိုကောင်လေးက သူထင်ထားသလို
အရပ်မပုချေ။သူ့အရပ်က ၅ပေ၁၀လက်မလောက်ရှိမည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်က အချိုးအစားကျသည်။
သို့သော် သူက နည်းနည်းတော့ ပိန်သည်။ဒါကလည်း ယုတ္တိရှိသည် ဘာလို့လဲဆိုတော့ အာရှသားတွေက အနောက်တိုင်းသားတွေထက် ယေဘုယျအားဖြင့် ပိုပိန် ပိုသေးသည်။ ကြောင်အနေသည့်
LiBiqing က သူ့ကိုမြင်တော့ အံ့သြစွာ မျက်တောင်ခတ်လိုက်ပြီး မေးလာသည်။

The Last Killer (Myanmar Translation)Where stories live. Discover now