Chapter 8

271 59 3
                                    

(အရေးကြီးသော ဆုံးဖြတ်ချက်)

"ရှင်က စလိုက်တ်ကို ချက်ချင်း လွှတ်ပေးဖို့
စီစဥ်နေတယ်ပေါ့"

Ohioမှာရှိတဲ့ FBI ရုံးခွဲတစ်ခု၌ အစည်းအဝေး
တစ်ခုကျင်းပနေခဲ့သည်။ အမျိုးသမီး စုံထောက်
သီယာက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို မကျေနပ်သည့်
မျက်နှာနှင့် အသံကျယ်ကျယ် မေးလိုက်သည်။

လီယိုက သူ့ရဲ့ တင်ပြမှုအပြီး လက်ပ်တော့၏
ထိပ်ပိုင်းကို ကိုင်လျက် ညင်သာစွာ ပိတ်ချရင်း
ပြောလာသည်။

"သူ့မှာ အပြစ်မရှိမှတော့....ငါတို့သူ့ကို ကြာကြာ
ထိန်းမထားသင့်ဘူး"

"ဒါပေမဲ့ လီပိချင်ပြောတဲ့အတိုင်းဆို စလိုက်တ်ကိုသာ လွှတ်လိုက်ရင် လူသတ်သမားက ဒီအချိန်တိုလေးအတွင်းမှာ နောက်ထပ်ထပ်လုပ်မှာတဲ့လေ"

"ဒါကြောင့်လည်း ငါတို့အခုလုပ်ရမှာက တတ်နိုင်သမျှ အမြန်ဆုံး ငါတို့ရဲ့ အဖြစ်နိုင်ဆုံး အသတ်ခံရနိုင်ဖွယ်ရှိတဲ့ လူတွေကို ကာကွယ်ဖို့ပဲပေါ့။ ငါတို့
ကာကွယ်ရမဲ့သူကို လုံခြုံတဲ့ တစ်နေရာကို.ပို့ပေးပြီး အနီးနားပတ်ဝန်းကျင်မှာလည်း ငါတို့ဘက်ကလူ
တွေ ဖြန့်ချထားသင့်တယ်။ ဒါက ငါတို့ကာကွယ်ရမဲ့သူကို လုံခြုံစေမဲ့ နည်းလမ်းပဲ"

"ကျွန်မတို့ အဲဒီကာကွယ်ရမဲ့သူက ဘယ်သူလို့
ဘယ်လိုလုပ်ပြီးသိမှာလဲ????"

"ဥပမာ အနေနဲ့ ငါက "တမင်တကာ" စလိုက်တ်ကို
ဖမ်းရတဲ့အကြောင်းအရင်းက တက္ကသိုလ်ဝင်းထဲက
သူနဲ့တစ်ခါမှ ရန်ငြိုးရန်စမရှိဖူးတဲ့ တစ်စုံတစ်ယောက်က တိုင်လို့ပါဆိုပြီး
အဲတစ်ယောက်ရဲ့ နာမည်ကို အထက်ကို
တမင်တင်ပြလိုက်မယ်။ အဲဒီချမ်းသာပြီး သောက်သုံးမကျတဲ့ကောင်မှာ လက်စားချေလိုစိတ်
အရမ်းရှိတာဆိုတော့ သူက သေချာပေါက်
ပေါက်ကွဲပြီး သူ့ကိုချောက်ချတဲ့လူကို
ရှာပြီး လက်စားချေမှာပဲ။ ရလဒ်အနေနဲ့
လူစိတ်ဝင်စားမှုမြင့်တက်လာပြီး ငါတို့ရဲ့
လူသတ်သမားကတောင် စိတ်ဝင်စားသွား
လိမ့်မယ်။ ငါတို့ရဲ့ ကိုယ်တော်ချောက ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး သူ့အစား
တစ်ဖက်လူကို အပြစ်ဖို့ချဖို့ လုပ်မှာပဲ"

The Last Killer (Myanmar Translation)Where stories live. Discover now